လတ်တလော ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား ပဋိပက္ခများဖြစ်ပွားနေသည့် ဒေသများသို့ မြန်မာနိုင်ငံသားများ ခရီးသွားလာခြင်းကို ရှောင်ရှားကြရန် မြန်မာသံရုံး (ဖနွမ်းပင်မြို့) က အသိပေးထုတ်ပြန်ခဲ့သည်။ ကမ္ဘောဒီးယားနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် လုံခြုံရေးအခြေအနေများကို အချိန်နှင့်တပြေးညီ စောင့်ကြည့်လိုက်နာဆောင်ရွက်ရန်နှင့် လုံခြုံရေးကို ဂရုစိုက်ကြရန် ထုတ်ပြန်ချက်တွင် တိုက်တွန်းထားသည်။ ထို့ပြင် အခက်အခဲ တစ်စုံတစ်ရာ ကြုံတွေ့ခဲ့ပါက သံရုံးကို ဆက်သွယ်ပြီး အကူအညီတောင်းခံနိုင်ကြောင်းကိုလည်း မြန်မာသံရုံးက အသိပေးထားသည်။
ထိုင်း-ကမ္ဘောဒီးယား ပဋိပက္ခဖြစ်ပွားရာဒေသများသို့ ခရီးသွားလာခြင်း ရှောင်ရှားရန် မြန်မာသံရုံး မှ အသိပေးထုတ်ပြန်
Dec 12 • 4:54 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 35 | 0 | 0 | 0 |


