ထိုင်းနိုင်ငံတွင် ကျင်းပလျက်ရှိသော (၃၃) ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲ၏ ဒီဇင်ဘာ ၁၁ ရက် နောက်ဆုံးရ ဆုတံဆိပ်ဇယားများအရ အိမ်ရှင် ထိုင်းနိုင်ငံသည် ရွှေတံဆိပ် ၄၁ ခု၊ ငွေ ၂၄ ခု၊ ကြေး ၁၄ ခု၊ စုစုပေါင်း ၇၉ ခုဖြင့် နိုင်ငံအလိုက် ဆုတံဆိပ်ဆွတ်ခူးမှုတွင် ဦးဆောင်နေကြောင်း သိရသည်။ ဒုတိယနေရာကို ဗီယက်နမ်နိုင်ငံက ရွှေ ၁၄ ခု၊ ငွေ ၈ ခု၊ ကြေး ၂၇ ခု၊ စုစုပေါင်း ၄၉ ခုဖြင့် ရပ်တည်နေပြီး၊ တတိယနေရာတွင် အင်ဒိုနီးရှားနိုင်ငံက ရွှေ ၁၃ ခု၊ ငွေ ၂၀ ခု၊ ကြေး ၁၃ ခု၊ စုစုပေါင်း ၄၆ ခု ရရှိထားသည်။ မြန်မာနိုင်ငံသည် ရွှေတံဆိပ် ၂ ခု၊ ငွေ ၆ ခု၊ ကြေး ၃ ခု၊ စုစုပေါင်း ၁၁ ခု ရရှိထားကာ အဆင့် ၇ နေရာတွင် ရပ်တည်နေပြီး၊ လာအိုနိုင်ငံကလည်း စုစုပေါင်း ၁၁ ခုဖြင့် မြန်မာနှင့် တူညီနေသည်။ 
Dec 12 • 4:53 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 32 | 0 | 0 | 0 |


