ပြည်တွင်း၌အားပျော့သော အစွန်းရောက်ရာသီဥတု “လာနီညာ” ဟာ နောက်ထပ် ၁ လ ၊ ၂ လ ဆက်ရှိနေနိုင်ဦးမယ်လို့ မိုးဇလပညာရှင် ဦးဝင်းနိုင်က ဒီဇင်ဘာ ၁၁ ရက်ညပိုင်းက ပြောကြားထားပါတယ်။ဦးဝင်းနိုင်က “ဒီဇင်ဘာလ တတိယ ၁၀ ရက်ပတ်အတွင်းမှာပြန်လည်ပြီး အအေးပိုလာနိုင်ပါတယ်”လို့ ဆိုထားပါတယ်။ထို့အပြင် NOAA ရာသီဥတုကြိုတင်ခန့်မှန်းရေး GTH Outlook မှ ထုတ်ပြန်ချက်တွင် “ဆိုင်ကလုန်းမုန်တိုင်းများ ဖြစ်ပေါ်နိုင်မည့်အခြေအနေ ကမ္ဘာ့တောင်ဘက်ခြမ်းဆီသို့ ရွေ့လျားသွားခြင်း”၊ “မြောက်ကမ္ဘာခြမ်းတွင် မိုးရွာသွန်းနိုင်မှုအခြေအနေလျော့နည်းသွားပြီဖြစ်ခြင်း” နှင့် “အနောက်မြောက်ဘက်မှ လေအေးစီးကြောင်းများ တိုးဝင်လာခြင်း” စသည့် ဆောင်းရာသီ၏ လက္ခဏာများ တိုးမြင့်လာတာကို တွေ့ရတယ်လို့လည်း ဦးဝင်းနိုင်က ဆိုထားပါတယ်။မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှလည်း နိုင်ငံတကာ မိုးလေဝသဌာနများ၏ သင်္ချာပုံစံပြုမော်ဒယ်လ်များ ခန့်မှန်းချက်အရ ဒီဇင်ဘာ ဒုတိယ ၁၀ ရက်ပတ်အတွင်း အားအနည်းငယ်ရှိသော လာနီညာအဆင့်တွင် ဆက်လက်တည်ရှိနိုင်တယ်လို့ ဒီဇင်ဘာ ၁၀ ရက်နေ့က ထုတ်ပြန်ထားပါတယ်။ထို့အတူ ဒီဇင်ဘာ ဒုတိယ ၁၀ ရက်ပတ်အတွင်း ညအပူချိန်များအနေဖြင့် စစ်ကိုင်း၊ ကချင်၊ ချင်းနှင့် ရှမ်းပြည်နယ် (မြောက်ပိုင်း)တို့တွင် ဒီဇင်ဘာလပျမ်းမျှအပူချိန်၏ ၁ ဒသမ ၅ ဒီဂရီဆဲလ်စီးယက်နှင့်အောက် လျော့နည်းနိုင်ပြီး နေပြည်တော်၊ ရန်ကုန် ၊ မန္တလေး ၊ ပဲခူး၊ မကွေး၊ ဧရာဝတီ ၊ တနင်္သာရီ၊ ကယား၊ ကရင်၊ မွန်၊ ရခိုင်နှင့် ရှမ်းပြည်နယ် (တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် ဒီဇင်ဘာလ ပျမ်းမျှ အပူချိန်ခန့်သာရှိနိုင်တယ်လို့လည်း မိုးဇလမှ ထုတ်ပြန်ထားပါတယ်။
Dec 12 • 4:39 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 39 | 0 | 0 | 0 |


