ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ခရားအပြင်ကျေးရွာမှ တစ်ဖက်ကမ်းရှိကော့ဘိန်းကျေးရွာဘက်သို့ သွားရောက်ရန် ကျားဖြန့်လုပ်သားများတင်ဆောင်လာသည့် စက်လှေ ၃ စင်းသည် ဂျိုင်းမြစ်ဖြတ်ကူးစဉ် မြန်မာဘက်မှ ပစ်ခတ်ခံရမှုကြောင့် ထိခိုက်သေဆုံးသူများရှိကြောင်း ဒေသခံများထံမှ သိရသည်။ခရားအပြင်ကျေးရွာသို့ ရောက်ရှိလာသည့် တရုတ်နိုင်ငံသားအပါအဝင် ကျားဖြန့်လုပ်သားများ ပြီးခဲ့သည့် ဒီဇင်ဘာ ၉ ရက်နေ့ နံနက် ၃ နာရီဝန်းကျင်တွင် တစ်ဖက်ကမ်းရှိ ကော့ဘိန်းကျေးရွာသို့ခရီးဆက်ရန် စက်လှေ ၃ စင်းငှားရမ်း၍ မြစ်ဖြတ်ကူးနေစဉ် ရွာနှစ်ရွာကြား ကင်းလှည့်လည်နေသည့် အဖွဲ့ထံ ရပ်တန့်စစ်ဆေးခံခဲ့ရသည်။စက်လှေ ၃ စင်းအနက် စစ်ဆေးမခံဘဲ ထွက်ပြေးခဲ့သည့် လှေ ၁ စင်းကို မြန်မာဘက်မှ ပစ်ခတ်မှုလုပ်ဆောင်ခဲ့ပြီး လှေပေါ်ရှိကျားဖြန့်လုပ်သား ၄ ဦးထက်မနည်း ရေထဲမျောပါသေဆုံးခဲ့ရပြီး ကျန်လှေ ၂ စင်းမှ ကျားဖြန့်လုပ်သားများ ဖမ်းဆီးခံခဲ့ရကြောင်း ခရားအပြင် ရွာခံအမျိုးသားတစ်ဦးက ပြောသည်။
Dec 12 • 3:50 AM
မြန်မာ
ကရင်
မျှဝေမည်
| 32 | 0 | 0 | 0 |


