ထိုင်းနိုင်ငံရဲ့ ဒုတိယမြို့တော် ချင်းမိုင်မှာ Grab ငှားစီးမိရင်း ကျားဖြန့်မှာ အရောင်းစားခံရတဲ့ ဖြစ်ရပ်ကို မလေးရှားနိုင်ငံသား လူငယ်တစ်ဦး ကြုံတွေ့ခဲ့ရပါတယ်။ မင်းလက်ပံ ကျားဖြန့် စခန်းဆီရောင်းစားခံလိုက်ရတာဖြစ်ပြီး သူစီးတဲ့ ကားသမားက လူကုန်ကူးသူဖြစ်နေတာပါ။ ဒီ လူငယ်လေးဟာ ကျားဖြန့်စခန်းမှာ တစ်နေ့ကို ၁၂ နာရီ တိတိ အလုပ်လုပ်ရပြီး မနားတမ်း စေခိုင်းခံရသလို သတ်မှတ်ထားတဲ့ တားဂတ် မပြည့်ရင် လျှပ်စစ်စက်နဲ့ တို့ပြီး နှိပ်စက်ခံရတာတွေအထိ ရှိပါတယ်။ အလုပ်မလုပ်နိုင်သူတွေကို အသက်ဆုံးရှုံးအောင် လုပ်တာတွေလည်းရှိတယ်လို့ သူက ပြောပါတယ်။သူ့လို လိမ်လည်ရောင်းစားခံရသူ အများကြီးရှိနေပြီး လက်ရှိမှာတော့ ထိုင်းဘက်ကို ဝင်လို့မရတဲ့အတွက် သောင်းရင်းမြစ်ကမ်းဘေးမှာ သောင်တင်နေတယ်လို့သတင်းတွေမှာဖော်ပြထားပါတယ်။
Dec 12 • 3:49 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 29 | 0 | 0 | 0 |


