back

တောင်ကိုရီးယား စာကြည့်တိုက်ဆောက်လုပ်ရေးလုပ်ငန်းခွင် ပြိုကျပြီး လူ ၁ ဦးသေဆုံး

Dec 12 • 3:51 AM

breaking-news

တောင်ကိုရီးယား

ပြည်တွင်းသတင်း

cover

တောင်ကိုရီးယား စာကြည့်တိုက်ဆောက်လုပ်ရေးလုပ်ငန်းခွင် ပြိုကျပြီး လူ ၁ ဦးသေဆုံး

တောင်ကိုရီးယားနိုင်ငံ၊ ဂွမ်ဂျူးမြို့ရှိ စာကြည့်တိုက်ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ဒီဇင်ဘာ ၁၁ ရက်က သံအဆောက်အအုံ ပြိုကျပြီးနောက် အလုပ်သမားတယောက် သေဆုံးကာ ၂ ယောက် ပျ...

တောင်ကိုရီးယားနိုင်ငံ၊ ဂွမ်ဂျူးမြို့ရှိ စာကြည့်တိုက်ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ဒီဇင်ဘာ ၁၁ ရက်က သံအဆောက်အအုံ ပြိုကျပြီးနောက် အလုပ်သမားတယောက် သေဆုံးကာ ၂ ယောက် ပျောက်ဆုံးနေပြီး အောက်ထဲနစ်မြုပ်နေမှာကို စိုးရိမ်ရကြောင်း မီးသတ်အာဏာပိုင်တွေက ပြောပါတယ်။ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ကွန်ကရစ်လောင်းနေတုန်း ပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း အာဏာပိုင်တွေက သတင်းထောက်တွေကို သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။ဒီဇင်ဘာ ၁၁ ရက် မွန်းလွဲ ၁ နာရီ ၅၈ မိနစ်မှာ ပြိုကျမှု ဖြစ်ပွားခဲ့ပြီး မီးသတ်ဌာနက သတင်းပေးပို့မှုကို လက်ခံရရှိခဲ့ပါတယ်လို့ ဂွမ်ဂျူးအနောက်ပိုင်းခရိုင် မီးသတ်စခန်းရဲ့ မြေပြင်တုံ့ပြန်ရေးအဖွဲ့ အကြီးအကဲ ဘဲ့ခ်ဂျောင်းမင်က ပြောပါတယ်။အသင့်ရောစပ်ထားတဲ့ ကွန်ကရစ်တွေ လောင်းနေချိန်အတွင်း သံကူကွန်ကရစ်အဆောက်အအုံ ပြိုကျခဲ့တာဖြစ်ပြီး အလုပ်သမား ၄ ယောက် ပိတ်မိနေကြောင်းကို အတည်ပြုခဲ့တယ်လို့လည်း ဆိုပါတယ်။

news-view-count-icon

14