တရုတ်နိုင်ငံ၏ ယခုနှစ် ပထမ ၁၁ လတာအတွင်း မော်တော်ကားထုတ်လုပ်မှုနှင့် ရောင်းအား နှစ်မျိုးစလုံးက အစီးရေ ၃၁ သန်းကျော်စီ အသီးသီးရှိခဲ့ကြရာ တရုတ်နိုင်ငံ၏ မော်တော်ကားလုပ်ငန်းမှာ ကောင်းမွန်သော တိုးတက်မှု အရှိန်အဟုန်ကို ထိန်းသိမ်းထားနိုင်ခဲ့ကြောင်း ဒီဇင်ဘာ ၁၁ ရက်၌ တရားဝင်ဒေတာများက ဖော်ပြခဲ့သည်။ဇန်နဝါရီမှ နိုဝင်ဘာအတွင်း တရုတ်နိုင်ငံ၏ မော်တော်ကားထုတ်လုပ်မှုမှာ ယမန်နှစ်ကာလတူထက် ၁၁.၉ ရာခိုင်နှုန်း တိုးလာပြီး အစီးရေ ၃၁.၂၃ သန်းကျော် ရှိခဲ့ကာ မော်တော်ကားရောင်းချမှုအနေဖြင့်မူ အစီးရေ ၃၁.၁၃ သန်းနီးပါး ရှိခဲ့ပြီး ယမန်နှစ်ကာလတူထက် ၁၁.၄ ရာခိုင်နှုန်း တိုးလာကြောင်း တရုတ်မော်တော်ကားထုတ်လုပ်သူများအသင်းမှ အချက်အလက်များအရ သိရသည်။



