နယ်သာလန်နိုင်ငံ သည်ဟိဂ် မြို့၌ ကျင်းပသည့် ကုန်စည်များဆိုင်ရာ ဘုံရန်ပုံငွေအဖွဲ့ ၏ ၃၇ ကြိမ်မြောက် အုပ်ချုပ်မှုကောင်စီအစည်းအဝေးကို မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အွန်လိုင်းဖြင့် ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။အနာဂတ်ကာလတွင် မြန်မာနိုင်ငံ၏ စိုက်ပျိုးရေး၊သစ်တော၊ငါးလုပ်ငန်းSMEs လုပ်ငန်းများ တန်းဖိုးမြှင့်ထုတ်လုပ်မှုလုပ်ငန်းများ ရာသီဥတုဒ-ဏ်ခံနိုင်သောစိုက်ပျိုးရေးနှင့် ဈေးကွက်ဝင်ရောက်ခွင့်အစရှိသောကဏ္ဍစုံတို့တွင် ကုန်စည်များဆိုင်ရာဘုံရန်ပုံငွေအဖွဲ့(CFC)နှင့် ပိုမိုနီးကပ်စွာလက်တွဲဆောင်ရွက်သွားရန် မျှော်လင့်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည်။CFC က နှစ်စဉ်ထောက်ပံပေးနေသည့် စီမံကိန်းများကိုလည်း မိမိတို့အနေဖြင့်ရယူလိုကြောင်း နှင့် ၂၀၂၅-၂၀၃၅ မဟာဗျုဟာမူဘောင်ကိုလည်း ထောက်ခံကြောင်း ပြောကြားထားသည်။



