၂၀၂၅ ဆီးဂိမ်းစ်ပြိုင်ပွဲဝင် မြန်မာ ယူ-၂၂ အသင်းဟာ ယနေ့မြန်မာစံတော်ချိန် ညနေ ၅ နာရီခွဲမှာ အုပ်စုနောက်ဆုံးပွဲအဖြစ် အင်ဒိုနီးရှားအသင်းနဲ့ ကစားရမှာဖြစ်ပြီး ဆီမီးဖိုင်နယ်တက်ရောက်ဖို့ အခွင့်အလမ်း အတော်နည်းနေပါတယ်။အကောင်းဆုံးဒုတိယနေရာနဲ့ ဆီမီးဖိုင်နယ်တက်ရောက်ခွင့်အတွက် မြန်မာအသင်းဟာ အင်ဒိုနီးရှားကို လိုအပ်တဲ့ဂိုးအရေအတွက်အတိုင်း သုံးဂိုးပြတ်နိုင် သို့မဟုတ် လေးဂိုးပြတ်နိုင်ဖို့ လိုအပ်နေပါတယ်။အခုနှစ် ဆီးဂိမ်းစ် အမျိုးသားဘောလုံးပြိုင်ပွဲမှာ အုပ်စု သုံးခုခွဲထားပြီး အုပ်စုပထမရ သုံးသင်းနဲ့ အကောင်းဆုံးအုပ်စုဒုတိယရ တစ်သင်းသာ ဆီမီးဖိုင်နယ်တက်ခွင့် ရရှိမှာပါ။ဒါကြောင့် မြန်မာအသင်းဟာ ဖိလစ်ပိုင်ကို ဝ-၂ ဂိုးနဲ့ အရေးနိမ့်ထားလို့ အင်ဒိုနီးရှားကို သုံးဂိုးပြတ်နိုင်ရင်တောင် ၅-၂ ဂိုး၊ ၆-၃ ဂိုးစတဲ့ သွင်းဂိုးများစွာနဲ့ နိုင်ဖို့ လိုအပ်နေပါတယ်။၃-၀ ဂိုးဆိုရင် ပြိုင်ပွဲက ထွက်ရမှာဖြစ်ပြီး ၄-၁ ဂိုးဆိုရင်တော့ မလေးရှားအသင်းနဲ့ မဲနှိုက်ဆုံးဖြတ်ရမှာဖြစ်ပါတယ်။
| 31 | 0 | 0 | 0 |


