အခုရက်ပိုင်းမှာ ဆောင်းတွင်းဘက်ကြီး မိုးကွက်ကျားထစ်ချုန်းရွာဦးမယ့် ဒေသ(၃)ခုရှိသလို မိုးတိမ်တောင်ဖြစ်ထွန်းမယ့် ဒေသလည်းရှိတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။တနင်္သာရီတိုင်းဒေသကြီးမှာ မိုးတိမ်တောင်များဖြစ်ထွန်းမှု အားကောင်းလျက်ရှိပြီး အဆိုပါ မိုးတိမ်တောင်များ ရွေ့လျားရာနေရာတစ်လျှောက်တွင် မိုးရွာသွန်းခြင်းနဲ့အတူ လေပြင်း တိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းတွေဖြစ်ပေါ်နိုင်တယ်လို့ဆိုပါတယ်။နောက် ၂ ရက်အတွက်ခန့်မှန်းချက်အနေဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာ ကွက်ကျား မိုးအနည်းငယ်ရွာနိုင်တယ်လို့ သိရပါတယ်။



