back

ပြည်တွင်း စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း အနည်းငယ် ထပ်မံ ကျဆင်းလာ

Dec 12 • 3:17 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ပြည်တွင်း စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း အနည်းငယ် ထပ်မံ ကျဆင်းလာ

ပြည်တွင်း စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း အနည်းငယ် ထပ်မံ ကျဆင်းလာတယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်...

ပြည်တွင်း စားအုန်းဆီအခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း အနည်းငယ် ထပ်မံ ကျဆင်းလာတယ်လို့

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးဆီတင်သွင်း သိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက သိရပါတယ်။ စားအုန်းဆီထုတ်လုပ်တင်ပို့တဲ့ နိုင်ငံတွေရဲ့ ဈေးကွက်နဲ့ဈေးနှုန်းဖြစ်ပေါ်မှု တွေအရ ဒီဇင်ဘာ ၅ ရက် ကနေ ၁၁ ရက်အထိ ရန်ကုန် အထိုင်ဈေး အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီ တစ်ပိဿာ ငွေကျပ် ၆,၁၄၀ ဖြစ်သတ်မှတ်ခဲ့ပြီး ၊ အခုတပတ် ဒီဇင်ဘာ ၁၂ ရက် ကနေ ၁၈ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း စားအုန်းဆီ တစ်ပိဿာ ငွေကျပ် ၆,၁၁၅ သတ်မှတ်လိုက်တာမို့ အနည်းငယ် ထပ်မံကျဆင်းလာတဲ့ အနေအထားဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ် အောက်တိုဘာ ဒုတိယအပတ် မှာ စားအုန်းဆီ ၁ ပိဿာ အခြေခံလက်ကားရည်ညွှန်းဈေးကို ၆,၅၈၅ ကျပ်နဲ့ သတ်မှတ် ထုတ်ပြန်ခဲ့ရာ ကနေ အခုအခါ ကမ္ဘာ့စားအုန်းဆီဈေးနှုန်း တွေ ကျဆင်းလာ တာကြောင့် ဒီဇင်ဘာ ဒုတိယအပတ် ကစပြီး စားအုန်းဆီဈေးနှုန်းတွေ ဟာ ဆက်တိုက်ကျဆင်းလာတာတွေ့ရှိရပါတယ်လို့ " ဝန်ကြီးဌာန စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီက ဆိုထားပါတယ်။စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီ အနေနဲ့ ပြည်တွင်းစားသုံးဆီလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ ပြည်ပ က ဝယ်ယူတင်သွင်းရာမှာ ကမ္ဘာ့စားအုန်းဆီဈေးနှုန်း အတက်အကျပေါ်မူတည်ပြီး ပြည်တွင်းမှာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဈေးနှုန်း တွေ ဖြစ်ပေါ်ဖို့ ထိန်းကျောင်းဆောင်ရွက်၊သတ်မှတ်ပေးနေတယ်လို့သိရပါတယ်။အခုလို ပြည်တွင်းဈေးကွက်အတွင်း ထုတ်ပြန်ကြေညာထားတဲ့ ဈေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချတာ ၊ ဈေးကစားဖို့ ရည်ရွယ် ချက်နဲ့ သိုလှောင်တာ အပါအဝင် မသမာတဲ့ လုပ်ဆောင်မှုတွေ ပြုလုပ်တယ်ဆိုရင် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူ ဆောင်ရွက်သွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။ ဈေးကျသလို အလေးချိန်လည်း မှန်မှန်ပြည့်စေချင်ပါတယ်။ ရပ်ကွက် တွေ ထဲ မှာ စားအုန်းဆီထုတ်တာ ၅၀ သားဆို အပြည့်မပါချင်ဘူးလို့ " စားအုန်းဆီဝယ်ယူစားသုံးနေသူတစ်ဦးကပြောပါတယ်။စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း ကို အပတ်စဉ်သောကြာနေ့တိုင်း ထုတ်ပြန်ကြေညာ ပေးနေတာဖြစ်ပြီး ၊ စားသုံးသူပြည်သူ တွေ အနေနဲ့ စားသုံး သူရေးရာဦးစီးဌာန ရဲ့ Website နဲ့ မြန်မာနိုင်ငံဆီကုန်သည် နှင့် ဆီလုပ်ငန်းရှင်များအသင်း Facebook Page တွေမှာ ဝင်ရောက်ကြည့်ရှုလေ့လာသွားနိုင်တယ်လို့ သိရှိရပါတယ်။


news-view-count-icon

37