ကမ္ဘာကျော်ဘောလုံးသမား မက်ဆီအနေနဲ့ သူ့ကို ဂုဏ်ပြုထုလုပ်ထားတဲ့ ပုံတွဲရုပ်တုဖွင့်ပွဲအတွက် အိန္ဒိယနိုင်ငံကို လာရောက်မှာဖြစ်ပါတယ်။မက်ဆီရဲ့ဒီခရီးစဉ်ကို 'GOAT Tour' လို့ နာမည်ပေးထားပြီး အိန္ဒိယနိုင်ငံအတွင်း သုံးရက်ကြာ လှည့်လည်သွားလာဖို့ ရှိပါတယ်။မက်ဆီဟာ စနေနေ့နံနက် ဒေသစံတော်ချိန် ၁၀ နာရီခွဲမှာ ကိုလ်ကတ္တားမြို့ကနေ GOAT Tour ကို စတင်ပါလိမ့်မယ်။အဲဒီနောက် ဟိုင်ဒရာဘတ်၊ မွမ်ဘိုင်း၊ ဒေလီစတဲ့ မြို့ကြီးတွေကိုလည်း သွားရောက်မယ့်အစီအစဉ်လည်း ပါဝင်ပါတယ်။မက်ဆီနဲ့အတူ အင်တာမိုင်ယာမီအသင်းဖော်တွေဖြစ်တဲ့ ဆွာရက်ဇ်၊ ဒီပေါလ်တို့လည်း လိုက်ပါလာပါလိမ့်မယ်။မက်ဆီရဲ့ပုံတူရုပ်တုဟာ အမြင့် ပေ ၇၀ ရှိပြီး ရုပ်တုအစိတ်အပိုင်းတွေကို လူ ၄၅ ဦးက ၂၇ ရက်ကြာ တပ်ဆင်ခဲ့ရပါတယ်။



