back

ကရင်ပြည်နယ်၊ဖရူဆိုအရှေ့ဘက်ခြမ်းက ကျေးရွာတစ်ရွာမှာ ရိုးရာအရ "ဆူချေး" (ခေါ် ) ရေကန် ကန်တော့ခြင်းပြုလုပ်

Dec 12 • 2:44 AM

breaking-news

မြန်မာ

ကရင်

cover

ကရင်ပြည်နယ်၊ဖရူဆိုအရှေ့ဘက်ခြမ်းက ကျေးရွာတစ်ရွာမှာ ရိုးရာအရ "ဆူချေး" (ခေါ် ) ရေကန် ကန်တော့ခြင်းပြုလုပ်

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အရှေ့ဘက်ခြမ်းက ကျေးရွာတစ်ရွာမှာ ကယားရိုးရာ အခေါ်အရ ဆူချေး (ခေါ်) ရေကန် ကန်တော့ခြင်းကို ပြုလုပ်ခဲ့ပါတယ်။ "ဆူချေး" ပြုလုပ်တာဟာ ရေအထွက်...

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အရှေ့ဘက်ခြမ်းက ကျေးရွာတစ်ရွာမှာ ကယားရိုးရာ အခေါ်အရ ဆူချေး (ခေါ်) ရေကန် ကန်တော့ခြင်းကို ပြုလုပ်ခဲ့ပါတယ်။ "ဆူချေး" ပြုလုပ်တာဟာ ရေအထွက် မှန်ကန်စေဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ ကြက်၊ ဝက်တွေနဲ့ ရေကန်ကို ပူဇော်ပသ ရတာ ဖြစ်ပါတယ်။ "ဆူချေး" ဆိုတာက ရေထွက်ပေါက်ရဲ့ အရင်းအမြစ်မှာပေါ့၊ ရေပုံမှန်ထွက်ဖို့နဲ့ ရေကန်ကနေ ရေမခမ်းဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရေကန်ကို ကန်တော့တာပေါ့။ နှစ်စဥ်လုပ်ရတာပေါ့၊ အဓိက က ရေမခမ်းဖို့ဆိုတာကို လုပ်ပေးတာပေါ့"လို့ ရပ်မိရပ်ဖ တာဝန်ရှိသူတဦးက ပြောပါတယ်။ ဖရူဆိုမြို့နယ်အရှေ့ဘက်ခြမ်းက ကျေးရွာ (၁၀) ရွာ နီးပါးဟာ နှစ်စဥ် နွေရာသီ ရောက်ရင် ရေရှားပါးတဲ့ ပြသနာနဲ့ ရင်ဆိုင်ရပါတယ်။ ရေကန် ကန်တော့ခြင်းကိုတော့ ဒီဇင်ဘာလ တတိယအပတ်နဲ့ နောက်ဆုံးအပတ်မှာ အများအားဖြင့် ပြုလုပ်လေ့ရှိကြတာပါ။

news-view-count-icon

20