ခရီမိုနီဆီအသင်းရဲ့ တိုက်စစ်မှူး ဗာဒီဟာ နိုဝင်ဘာလအတွက် စီးရီးအေအကောင်းဆုံးကစားသမားဆုရရှိခဲ့ပြီး စီးရီးအေပြိုင်ပွဲမှာ ဒီဆုရရှိတဲ့ ပထမဆုံးအင်္ဂလန်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။ခရီမိုနီဆီအသင်းဟာ နိုဝင်ဘာလအတွင်း ယှဉ်ပြိုင်ကစားခဲ့တဲ့ စီးရီးအေ(၃)ပွဲစလုံး ရှုံးနိမ့်ခဲ့ပေမဲ့ ဗာဒီက ဂျူဗင်တပ်စ်နဲ့ပွဲမှာ တစ်ဂိုးသွင်းယူပြီး နိုဝင်ဘာလအတွင်း ခြေစွမ်းပြနိုင်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ မဲပေးမှုနဲ့ရွေးချယ်တဲ့ အကောင်းဆုံးကစားသမားဆု ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။စီးရီးအေပြိုင်ပွဲမှာ လအလိုက်အကောင်းဆုံးကစားသမားဆုကို ၂၀၁၉ ခုနှစ်မှာ စတင်ချီးမြှင့်ခဲ့ပြီး ဗာဒီမတိုင်ခင် အင်္ဂလန်ကစားသမားတွေထဲက ရရှိဖူးသူမရှိကြောင်း သိရပါတယ်။
Dec 12 • 2:41 AM
မြန်မာ
ပြည်ပ
မျှဝေမည်
| 34 | 0 | 0 | 0 |


