ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့အကြိုအထိမ်းအမှတ် ဟောပြောပွဲ၊ ပန်းချီပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့ နံနက် (၁၀:၀၀)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။ပန်းချီပြိုင်ပွဲနှင့် စာစီစာကုံးပြိုင်ပွဲများကျင်းပခဲ့ရာကျောင်းသား၊ ကျောင်းသူများ ပါ၀င်ယှဉ်ပြိုင်ခဲ့ကြသည်။ ထို့နောက် ပြိုင်ပွဲတွင်အကောင်းဆုံးယှဉ်ပြိုင်နိုင်သူများကိုရွေးချယ်၍ ဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။ အဆိုဟောပြောပွဲသို့ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာ ဗဟုသုတရဖွယ် သုတ၊ရသ စာအုပ်များ၊ (၇၈) နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်း အမှတ်နံရံကပ်စာစောင်များကိုစိတ်ပါဝင် စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။
Dec 12 • 2:40 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 47 | 0 | 0 | 0 |


