ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင် သန်လျင်မြို့နယ်၌ မြို့သန့်ရှင်းသာယာလှပရေးအတွက် ရှုပ်ထွေးနေသော ဆက်သွယ်ရေးကြိုးများရှင်းလင်းခြင်းကို ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များနှင့် မြို့နယ်များ၌ ဆောင်ရွက်ခဲ့ကြသည်။ထိုသို့ ရှုပ်ထွေးနေသော ဆက်သွယ်ရေးကြိုးများ ရှင်းလင်းဆောင်ရွက်ရာတွင် MPT ကုမ္ပဏီဝန်ထမ်းများနှင့်Asia Megarlink တို့ပူးပေါင်း၍ မြို့သန့်ရှင်းသာယာလှပရေး ဆက်သွယ်ရေးကြိုးများအားရှင်းလင်းခြင်းနှင့်ရှုပ်ထွေးနေသောCableကြိုးများအားရှင်းလင်း ခဲ့ကြောင်းသိရသည်။



