back

မဲဆောက် ထိန်းသိမ်းရေးစင်တာမှာ တရုတ်နိုင်ငံသားတွေ အဓိကရုဏ်း ဆင်နွဲလို့ ထိုင်းအရာရှိတွေ အင်အားသုံး ထိန်းချုပ်

Dec 12 • 2:43 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

မဲဆောက် ထိန်းသိမ်းရေးစင်တာမှာ တရုတ်နိုင်ငံသားတွေ အဓိကရုဏ်း ဆင်နွဲလို့ ထိုင်းအရာရှိတွေ အင်အားသုံး ထိန်းချုပ်

မြန်မာနိုင်ငံမှာ ကျားဖြန့်လုပ်ငန်တွေ နှိမ်နှင်းနေချိန် ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်လာမှုနဲ့ ဖမ်းဆီး ထိန်းသိမ်းထားတဲ့ တရုတ်နိုင်ငံသား ၃၂၅ ဦးက မိခင်နိုင်ငံသိ...

မြန်မာနိုင်ငံမှာ ကျားဖြန့်လုပ်ငန်တွေ နှိမ်နှင်းနေချိန် ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်လာမှုနဲ့ ဖမ်းဆီး ထိန်းသိမ်းထားတဲ့ တရုတ်နိုင်ငံသား ၃၂၅ ဦးက မိခင်နိုင်ငံသို့ ပြန်ပို့မခံရရေး မဲဆောက် ထိန်းသိမ်းရေးစင်တာမှာ အဓိကရုဏ်း ဆင်နွှဲခဲ့တာကြောင့် ထိုင်းအရာရှိတွေက မီးသတ်ပိုက်နဲ့ ထိုးတာ အပါအဝင် အင်အားသုံး ထိန်းချုပ်မှုတွေ လုပ်ဆောင်ခဲ့ရပါတယ်။အဓိကရုဏ်းအတွင်း ထိန်းသိမ်းခံထားသူတွေက အစိုးရပိုင် ပစ္စည်းတွေ အချုပ်ခန်း တံခါးတွေကို ဖျက်ဆီးခဲ့ကြပြီး စီစီတီဗီစနစ်တွေကိုလည်း ဖြတ်တောက် ပစ်ခဲ့ကြတာကြောင့် အရာရှိတွေက မီးသတ်ပိုက်တွေ အပါအဝင် အင်အားသုံးပြီး အခြေအနေ တည်တည်ငြိမ်ငြိမ်ဖြစ်အောင် ထိန်းချုပ်ခဲ့ရပါတယ်။အဲဒီ အဓိကရုဏ်းကို ဦးဆောင်တယ်လို့ စွပ်စွဲခံထားရသူ ၁၅ ဦးကို ထိုင်းအရာရှိတွေက အများပိုင် ပစ္စည်းဖျက်ဆီးမှုနဲ့ စွဲချက်တင်ထားပြီး ထိုင်းနိုင်ငံသို့ နောက်ထပ် ဝင်ရောက်ခွင့် တစ်သက်တာ တားမြစ်လိုက်ပါတယ်။အဲဒီလို ကန့်ကွက် ဆန္ဒပြမှုတွေ ရှိနေပေမယ့် ထိုင်းအရာရှိတွေက အဲဒီ တရုတ်နိုင်ငံသားတွေကို သူတို့ မိခင်နိုင်ငံသို့ ပြန်ပို့ရေး တရုတ်သံရုံးနဲ့ ပူးပေါင်းဆောင်ရွက်နေကြောင်း ထိုင်းအရာရှိတွေက ပြောပါတယ်။အဲဒီ တရုတ်နိုင်ငံသားတွေဟာ မြန်မာနိုင်ငံရှိ တရားမဝင် ကာစီနိုလုပ်ငန်းတွေနဲ့ ကျားဖြန့်လုပ်ငန်းတွေ နှိမ်နှင်းခံရပြီးနောက် နယ်စပ်ကို တရားမဝင် ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံထဲ ဝင်ရောက်လာချိန်မှာ ဖမ်းဆီးခံထားရတာ ဖြစ်ပါတယ်။သူတို့က တရုတ်နိုင်ငံသို့ ပြန်ပို့ခံရမယ့် အရေး စိုးရိမ်နေတာကြောင့် မဲဆောက် ထိန်းသိမ်း စစ်ဆေးရေးစခန်းမှာ အခုလိုမျိုး အဓိကရုဏ်း ဆင်နွှဲခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီ တရုတ်နိုင်ငံသား ၃၂၅ ဦးဟာ မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ နိုင်ငံခြားသား အုပ်စုတွေထဲမှာ ပါဝင်တာ ဖြစ်ပါတယ်။ထိန်းသိမ်းခံထားရသူ အချင်းချင်း ခိုက်ရန် ဖြစ်ပွားရာကနေ အဓိကရုဏ်း ဖြစ်ပွားခဲ့တာ ဖြစ်ပြီး သူတို့နဲ့ အတူ ထားရှိခွင့်ပေးထားတဲ့ ပစ္စည်းတွေနဲ့ အကာအရန် သတ္တုချောင်းတွေကို ရိုက်ချိုးခဲ့ကြတာ ဖြစ်ပါတယ်။အဓိကရုဏ်းပိုပြီး ကြီးထွားလာမှာ စိုးရိမ်တာကြောင့် ထိုင်းအရာရှိတွေက ထိန်းချုပ်ရေး အစီအစဉ်တွေကို အရှိန်မြှင့် ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။ကျန်းလို့ အမည်ရတဲ့ တရုတ်နိုင်ငံသား တစ်ယောက် ဦးခေါင်းမှာ အနည်းငယ် ကြီးမားတဲ့ ဒဏ်ရာတွေ ရရှိခဲ့တာကြောင့် ဆေးကုသပေးခဲ့ရပါတယ်။အဓိကရုဏ်းအတွင်း အများပိုင် ပစ္စည်းတွေကို ဖျက်ဆီးခဲ့သူတွေအနေနဲ့ ထောင်သုံးနှစ် ဒါမှမဟုတ် ဒဏ်ငွေ ဘတ် ၆၀,၀၀၀ ဒါမှမဟုတ် ပြစ်ဒဏ် နှစ်ရပ်စလုံးနဲ့ ရင်ဆိုင်နေရပါတယ်။

news-view-count-icon

41