ပြည်တွင်းမွေးမြူရေးကဏ္ဍမှာ ဆိတ်အရှင်ရောင်းစျေးကွက် စံချိန်တင်မြင့်တက်လာပြီး တစ်ပိဿာကို ၂၃,၀၀၀ဝန်းကျင်အထိ စျေးရှိလာတယ်လို့ ဈေးကွက်အတွင်းစုံစမ်းသိရှိရပါတယ်။ဆိတ်အရှင်ရောင်းစျေးက နေရာဒေသ အကွာအဝေးပေါ်လိုက်ပြီး စျေးနှုန်း ကွာခြားမှုရှိပေမယ့် အနိမ့်ဆုံး ရောင်းစျေးကတစ်ပိဿာကို ၅,၀၀၀ကျပ် ဖြစ်တယ်လို့သိရပါတယ်။လက်ရှိမှာ ဆိတ်အရှင်ကို ပြည်ပက ဝယ်လိုအား ရှိနေတဲ့အပြင် ပြည်တွင်းစားသုံးမှုလည်းရှိလာတာကြောင့် ဆိတ်စျေးကွက် မြင့်တက်လာတာ ဖြစ်တယ် လို့သိရပါတယ်။ ပြည်တွင်းမွေးမြူရေး ကဏ္ဍမှာလည်း နယ်မြေအခြေအနေအရ ဆိတ်မွေးမြူရေး လုပ်ကိုင်သူ လျော့ကျလာတဲ့ အခြေအနေတွေကြောင့် ရောင်းလိုအားနည်းပြီး ဝယ်လိုအားများတဲ့အတွက် ဆိတ်အရှင်စျေးကွက် မြင့်တက်လာနေတာဖြစ်တယ်လို့သိရပါတယ်။ဆိတ်ကိုတော့ အညာဒေသဖြစ်တဲ့ မကွေးတိုင်း၊ မန္တလေးတိုင်းတို့မှာ အဓိက လုပ်ကိုင်သူများပြီး ကျန်တဲ့ စစ်ကိုင်း၊ ပဲခူးတိုင်းနဲ့ အခြား ပြည်နယ်နဲ့ တိုင်းဒေသကြီးမှာတော့ ဒေသအလိုက် မွေးမြူမှုရှိကြပါတယ်။ 
| 33 | 0 | 0 | 0 |


