ထိုင်း ဝန်ကြီးချုပ် အနူတင် က ဒီဇင်ဘာလ ၁၁ ရက်နေ့ ည မှာ လွှတ်တော်ကို ဖျက်သိမ်းခွင့်ပြုဖို့ ဘုရင့် အမိန့်ကို တောင်းခံခဲ့ပါတယ်။ စီးပွားရေးအကျပ်အတည်း၊ နိုင်ငံရေးမငြိမ်မသက်မှုနဲ့ ကမ္ဘောဒီးယားနယ်စပ် အကျပ်အတည်းတွေကြားမှာ လူနည်းစုအစိုးရအနေနဲ့ ဆက်လက်မအုပ်ချုပ်နိုင်တော့ဘူးလို့ အနူတင် က တင်ပြပြီးနောက်မှာ ဘုရင်ကလည်း လွှတ်တော်ကို ဖျက်သိမ်းဖို့ အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ ဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ်က သူ့ရဲ့ လူနည်းစုအစိုးရဟာ ထိထိရောက်ရောက် ဆက်လက်မအုပ်ချုပ်နိုင်တော့ဘူးလို့ ဝန်ခံလိုက်ပြီးနောက်မှာ ၄၅ ရက်ကနေ ရက် ၆၀ အတွင်းအထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ လမ်းဖွင့်ပေးတဲ့အနေနဲ့ အောက်လွှတ်တော်ကို ဖျက်သိမ်းကြောင်း ဘုရင့်အမိန့်ပြန်တမ်းကို ထုတ်ပြန်လိုက်ပါတယ်။လွှတ်တော်ကို ဖျက်သိမ်းပြီး အထွေထွေရွေးကောက်ပွဲအသစ် ကျင်းပခြင်းဟာ ရှေ့ဆက်ဖို့ အသင့်တော်ဆုံး နည်းလမ်းဖြစ်တယ်လို့ အဲဒီအမိန့်ပြန်တမ်းမှာ ဖော်ပြထားပါတယ်။ 
| 34 | 0 | 0 | 0 |


