ဖူးခက်နဲ့ အနီးတဝိုက်ဒေသတွေမှာ မိုးသည်းထန်စွာရွာသွန်းနိုင်ပြီး ရေကြီး၊ မြေပြို၊ လှိုင်းကြီးနိုင်တဲ့အတွက် သတိထားကြဖို့ သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးရေးဌာန (DDPM) က အသိပေးနှိုးဆော်ထားပါတယ်။ ထိုင်း မိုးဇလကလည်း အခြေအနေကို စောင့်ကြည့်နေပြီး မိုးရွာသွန်းမှု အခြေအနေတွေကို သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေက တိုင်းတာဖို့ရှိသလို၊ ကုန်းမြင့်ဒေသတွေမှာ မြေပြိုတဲ့ အန္တရာယ်ကနေ ကာကွယ်ဖို့လည်း လုပ်ဆောင်နေကြပါတယ်။ အရင်က မြေပြို၊ ရေကြီးဖြစ်ခဲ့တဲ့ ဒေသတွေ ကမ္ဘာလှည့် ခရီးသွားတွေ သွားတဲ့ ဇုန်တွေကိုလည်း သေချာ စောင့်ကြည့်နေပြီး မူမမှန်တာတခုခုဆိုတာနဲ့ လူတွေကို ကယ်ထုတ်ဖို့ လုပ်ဆောင်ကြမှာပါ။ဖူးခက်မှာနေသူတွေအနေနဲ့ ရေအခြေအနေ သတိထားဖို့လိုသလို ကမ်းစပ်ကလူတွေကလည်း လှိုင်းလုံးကြီးတွေကြား ပင်လယ်ခရီးမသွားဖို့နဲ့ အရေးပေါ် ကြုံလာရင် 1784 ကို ဆက်သွယ်ဖို့ တိုက်တွန်းထားပါတယ်။
ထိုင်းနိုင်ငံ၊ဖူးခက်တွင် ဒီဇင်ဘာ ၁၁ ကနေ ၁၆ ရက်နေ့အထိ မိုးရွာခြင်းကြောင့် ရေကြီး၊ မြေပြိုနိုင်ဟု သတိပေး
Dec 12 • 1:59 AM
ထိုင်း
ပြည်တွင်းသတင်း
မျှဝေမည်
| 30 | 0 | 0 | 0 |


