back

မီတာ ၁၀၀ ကို ၁၀ စက္ကန့်အောက်ပြေးနိုင်တဲ့ ပထမဆုံး အရှေ့တောင်အာရှကစားသမားအဖြစ် ထိုင်းအပြေးသမား မှတ်တမ်းဝင်

Dec 12 • 1:59 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

မီတာ ၁၀၀ ကို ၁၀ စက္ကန့်အောက်ပြေးနိုင်တဲ့ ပထမဆုံး အရှေ့တောင်အာရှကစားသမားအဖြစ် ထိုင်းအပြေးသမား မှတ်တမ်းဝင်

၂၀၂၅ ဆီးဂိမ်းစ်ပြိုင်ပွဲ၏ မီတာ ၁၀၀ ပြေးပွဲတွင် ထိုင်းအပြေးသမား ပူရီပေါလ်ဘွန်ဆွန် (Puripol Boonson) သည် ၁၀ စက္ကန့်အောက် ပြေးနိုင်သည့် ပထမဆုံး အရှေ့တောင်အာရှ ကစား...

၂၀၂၅ ဆီးဂိမ်းစ်ပြိုင်ပွဲ၏ မီတာ ၁၀၀ ပြေးပွဲတွင် ထိုင်းအပြေးသမား ပူရီပေါလ်ဘွန်ဆွန် (Puripol Boonson) သည် ၁၀ စက္ကန့်အောက် ပြေးနိုင်သည့် ပထမဆုံး အရှေ့တောင်အာရှ ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ အသက် ၁၉ နှစ်အရွယ် ဘွန်ဆွန်သည် heat အဆင့်တွင် ၉.၉၄ စက္ကန့်ဖြင့် စံချိန်သစ်တင်ခဲ့ပြီး၊ ယခင် အရှေ့တောင်အာရှ အမြန်ဆုံးစံချိန်ဖြစ်သော အင်ဒိုနီးရှားနိုင်ငံသား ဇိုရီ၏ ၁၀.၀၃ စက္ကန့်ကို ကျော်ဖြတ်နိုင်ခဲ့သည်။ ထို့အပြင် ဘွန်ဆွန်သည် ဗိုလ်လုပွဲ၌ ၁၀ စက္ကန့်ဖြင့် ရွှေတံဆိပ်ဆုကို ဆွတ်ခူးခဲ့ပြီး၊ ၂၀၀၉ ခုနှစ် ဆီးဂိမ်းစ်တွင် တင်ရှိခဲ့သည့် ၁၀.၁၇ စက္ကန့် စံချိန်ဟောင်းကိုလည်း ကျော်ဖြတ်ကာ ပြိုင်ပွဲစံချိန်သစ် တင်နိုင်ခဲ့ကြောင်း သိရသည်။

news-view-count-icon

36