back

ကမ္ဘောဒီးယားကို ထိုင်းက ကြည်း၊ ရေ၊ လေ ပူးပေါင်းပြီး တိုက်ခိုက်

Dec 12 • 1:58 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ကမ္ဘောဒီးယားကို ထိုင်းက ကြည်း၊ ရေ၊ လေ ပူးပေါင်းပြီး တိုက်ခိုက်

ထိုင်းနှင့် ကမ္ဘောဒီးယား နယ်စပ်တစ်လျှောက်ရှိ စစ်ရေးပစ်မှတ်များကို ထိုင်းစစ်တပ်က ကြည်း၊ ရေ၊ လေ ပူးပေါင်း၍ တိုက်ခိုက်လျက်ရှိပြီး၊ ကမ္ဘောဒီးယားစစ်တပ်ကလည်း ရော့ကတ်ဒ...

ထိုင်းနှင့် ကမ္ဘောဒီးယား နယ်စပ်တစ်လျှောက်ရှိ စစ်ရေးပစ်မှတ်များကို ထိုင်းစစ်တပ်က ကြည်း၊ ရေ၊ လေ ပူးပေါင်း၍ တိုက်ခိုက်လျက်ရှိပြီး၊ ကမ္ဘောဒီးယားစစ်တပ်ကလည်း ရော့ကတ်ဒုံးကျည်များဖြင့် ပြန်လည်ပစ်ခတ်နေကြောင်း ဒီဇင်ဘာ ၁၁ ရက်တွင် ထိုင်းသတင်းများက ဖော်ပြသည်။ ထိုင်းအမှတ် (၂) စစ်တိုင်းဒေသကွက်ကဲရေးဌာန၏ ထုတ်ပြန်ချက်အရ ကမ္ဘောဒီးယားဘက်မှ စစ်သား ၁၀၂ ဦး ကျဆုံးခဲ့ကာ ဒုံးကျည်တင်ယာဉ် ၁ စီး၊ တင့်ကား ၆ စီးနှင့် တိုက်ခိုက်ရေးဒရုန်း ၆၄ စီး ဖျက်ဆီးခံရသည်။ ထိုင်းဘက်တွင်မူ ကမ္ဘောဒီးယား၏ ပစ်ခတ်မှုကြောင့် စစ်သား ၉ ဦးနှင့် အရပ်သား ၃ ဦး စုစုပေါင်း ၁၂ ဦး သေဆုံးကာ ၁၂၀ ဦး ဒဏ်ရာရရှိခဲ့သည်။ တိုက်ပွဲများကြောင့် နှစ်နိုင်ငံ နယ်စပ်ဒေသခံပြည်သူ ၅ သိန်းကျော် စစ်ဘေးတိမ်းရှောင်နေရပြီး၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အပစ်ရပ်ရန် တောင်းဆိုမှုကြားမှ စစ်ရေးတင်းမာမှုများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။

news-view-count-icon

26