ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်ရှိ အောင်မင်္ဂလာအဝေးပြေးကားဝင်းအတွင်း ခရီးသည် အတင်အချပြုလုပ်ရန် ရပ်တန့်သည့် တက္ကစီနှင့် အိမ်စီးကားများအား အကြောင်းအမျိုးမျိုးပြကာ တရားမဝင် ငွေညှစ်သူများ ရှိခဲ့သည့်အပေါ် သက်ဆိုင်ရာက စစ်ဆေးဖော်ထုတ်အရေးယူပြီးနောက် ယခုအခါတွင် ယခင်အတိုင်း ဝင်ရောက်ရပ်နားခွင့် ပြန်လည်ရရှိလာကြောင်း တက္ကစီယာဉ်မောင်းများက ဒီဇင်ဘာ ၉ ရက်တွင် အတည်ပြုပြောကြားသည်။ပြီးခဲ့သည့် နိုဝင်ဘာလက ကားမရပ်ရသည့်နေရာတွင် ရပ်သည်ဟုဆိုကာ လိုင်စင်သိမ်းခြင်း၊ ဒဏ်ငွေ ကျပ် ၃၀,၀၀၀ မှ ၅၀,၀၀၀ အထိ ဆောင်ခိုင်းခြင်းများ လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့ပြီးနောက် သက်ဆိုင်ရာ စစ်ဆေးရေးအဖွဲ့များက ကားဝင်းအတွင်း ဝင်ရောက်စစ်ဆေးခြင်းများ ပြုလုပ်ခဲ့သည်။ အုပ်ချုပ်ရေးအဖွဲ့ဝင်များကို အရေးယူခြင်း၊ ပြောင်းရွှေ့ခြင်းနှင့် ဝန်ထမ်းအသစ်များဖြင့် အစားထိုးတာဝန်ပေးခြင်းများ ဆောင်ရွက်ခဲ့ပြီးနောက် ယခုအခါ ကားရပ်ပြီး ပစ္စည်းအတင်အချလုပ်၍ ရရှိလာကြောင်း ယာဉ်မောင်းများက ပြောသည်။
အောင်မင်္ဂလာကားဝင်းအတွင်း တရားမဝင် ငွေညှစ်သူများ ဖမ်းဆီးအရေးယူပြီးနောက် တက္ကစီနှင့် အိမ်စီးကားများ ယခင်လို ရပ်နားခွင့် ပြန်လည်ရရှိ
Dec 12 • 1:57 AM
မြန်မာ
ရန်ကုန်
မျှဝေမည်
| 22 | 0 | 0 | 0 |


