back

ဘားအံ-သထုံကားလမ်းပေါ်ရှိ တံတားတစ်စင်း မိုင်းခွဲ ဖျက်ဆီးခံရ

Dec 11 • 4:44 PM

breaking-news

မြန်မာ

မွန်

cover

ဘားအံ-သထုံကားလမ်းပေါ်ရှိ တံတားတစ်စင်း မိုင်းခွဲ ဖျက်ဆီးခံရ

ဒီဇင်ဘာလ ၉ ရက် ည ၈ နာရီ ၁၀ မိနစ်အချိန်ခန့်က ဘားအံမြို့နယ်၊ ညောင်ပင်သာကျေးရွာအနီး ဘားအံ-သထုံကားလမ်း မိုင်တိုင်အမှတ် ၁ မိုင် ၅ ဖာလုံနှင့် ၆ ဖာလုံအကြား တံတားအမှတ် ...

ဒီဇင်ဘာလ ၉ ရက် ည ၈ နာရီ ၁၀ မိနစ်အချိန်ခန့်က ဘားအံမြို့နယ်၊ ညောင်ပင်သာကျေးရွာအနီး ဘားအံ-သထုံကားလမ်း မိုင်တိုင်အမှတ် ၁ မိုင် ၅ ဖာလုံနှင့် ၆ ဖာလုံအကြား တံတားအမှတ် (၄/၂)၊ အရှည် ၄ ပေ အကျယ် ၄၀ ပေရှိ သံကူကွန်ကရစ် အမျိုးအစား ရေကျော်မြောင်းကူးတံတားကို လက်လုပ်မိုင်းထောင်ကာ ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။ပေါက်ကွဲမှုကြောင့် တံတားဘေးပေါင်အုတ်ခုံ ခြောက်ပေခန့် ပျက်စီးဆုံးရှုံးခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။



news-view-count-icon

35