back

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာတွင် နေအိမ်တစ်လုံး မီးလောင်

Dec 11 • 4:46 PM

breaking-news

မြန်မာ

မွန်

cover

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာတွင် နေအိမ်တစ်လုံး မီးလောင်

ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက် ၇ နာရီ ၂၀ မိနစ်အချိန်ခန့်က သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာတွင် နေအိမ် တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့သည်။မီးလောင်ရာသို့ သံဖြူဇရပ်မြို့နယ်မီ...

ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက် ၇ နာရီ ၂၀ မိနစ်အချိန်ခန့်က သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာတွင် နေအိမ် တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့သည်။မီးလောင်ရာသို့ သံဖြူဇရပ်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ ရေသယ်ယာဉ် တစ်စီး၊ ပငအရန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ ရေသယ်ယာဉ် တစ်စီး၊ မြို့နယ်စည်ပင်မှ မီးသတ်ယာဉ် တစ်စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဒေသခံကယ်ဆယ်ရေးအဖွဲ့များနှင့် ဒေသခံများပူးပေါင်းကာ မီးငြိမ်းသတ်ခဲ့ကြရာ နံနက် ၇ နာရီ ၄၀ မိနစ်အချိန်ခန့်က မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။


news-view-count-icon

20