back

ဘတ်ရိုက်ရန်အတွက် အကြွေးတင်နေသူများ

Dec 11 • 4:43 PM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ဘတ်ရိုက်ရန်အတွက် အကြွေးတင်နေသူများ

ထိုင်းအစိုးရဘက်မှ ယခုစတင်မည့် ဘတ်အမည်စာရင်း တင်သွင်းခြင်း လုပ်ငန်းစဉ်တွင် အစအဆုံး ပေးသွင်းရမည့် ကုန်ကျစရိတ်ကို ထိုင်းဘတ်ငွေ ၃,၈၇၀ ( မြန်မာကျပ်ငွေ ကာလပေါက်စျေး ၄...

ထိုင်းအစိုးရဘက်မှ ယခုစတင်မည့် ဘတ်အမည်စာရင်း တင်သွင်းခြင်း လုပ်ငန်းစဉ်တွင် အစအဆုံး ပေးသွင်းရမည့် ကုန်ကျစရိတ်ကို ထိုင်းဘတ်ငွေ ၃,၈၇၀ ( မြန်မာကျပ်ငွေ ကာလပေါက်စျေး ၄ သိန်းခွဲကျော်) ကျသင့်မည်ဟု တရားဝင် ကြေညာထားသည်။ သို့သော် ပြင်ပ အကျိုးဆောင် ပွဲစားများဖြင့် လုပ်ဆောင်မည်ဆိုပါက ထိုင်းဘတ်ငွေ ၈,၀၀၀ မှ ၁၀,၀၀၀ ကျော် (မြန်မာကျပ်ငွေ ကာလပေါက်စျေး ၁၀ သိန်းမှ ၁၂သိန်းကျော်) ပေါက်ဈေး ရှိနေသည်ဟု ဘတ်စာရင်း အသစ်လျှောက်မည့်သူများက ပြောကြသည်။ ထို့အပြင် အချို့သော ပွဲစားများသည် VIP လမ်းကြောင်းဟုဆိုကာ ထိုင်းဘတ်ငွေ ၁,၈၀၀၀ (မြန်မာကျပ်ငွေ ကာလပေါက်စျေး ၂၂ သိန်းကျော်) အထိ တောင်းယူကြောင်း ရွှေ့ပြောင်းအလုပ်သမားများက ပြောသည်။




news-view-count-icon

19