back

Canoeing အမျိုးသားနှစ်ယောက်လှော် (၂၀၀) မီတာပြိုင်ပွဲတွင် မြန်မာမှ ငွေတံဆိပ်ဆု ထပ်မံရရှိခဲ့

Dec 11 • 3:02 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

Canoeing အမျိုးသားနှစ်ယောက်လှော် (၂၀၀) မီတာပြိုင်ပွဲတွင် မြန်မာမှ ငွေတံဆိပ်ဆု ထပ်မံရရှိခဲ့

SEA Games Thailand 2025 ၏ Canoeing ပြိုင်ပွဲများမှ ကျင်းပပြီးစီးခဲ့သော အမျိုးသားနှစ်ယောက်လှော် ၂၀၀ မီတာ (Men's Canoe Double 200m - C2) ပြိုင်ပွဲတွင် မြန်မာ့လက်ရ...

SEA Games Thailand 2025 ၏ Canoeing ပြိုင်ပွဲများမှ ကျင်းပပြီးစီးခဲ့သော အမျိုးသားနှစ်ယောက်လှော် ၂၀၀ မီတာ (Men's Canoe Double 200m - C2) ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင် အားကစားသမားများဖြစ်သည့် ထွဋ်ကောင်းဇော်နှင့် မျိုးလှိုင်ဝင်းတို့သည် 39.534 စံချိန်နှင့် ထိုင်းနိုင်ငံမှ လက်ရွေးစင်အားကစားသမားများဖြစ်တဲ့ Sisong Mongkhonchai နှင့် Mahawattanangkul Pitpiboon တို့ကို 38.820 စံချိန်မျှသာကွာခြားသည့် ထူးချွန်ပြောင်မြောက်စွာ ယှဉ်ပြိုင်ခဲ့ပြီး ငွေတံဆိပ် (Silver Medal) ဆုကို ထပ်မံဆွတ်ခူးနိုင်ခဲ့သည်။ယခုအမျိုးသားနှစ်ယောက်လှော် ၂၀၀ မီတာ အောင်မြင်မှုသည် တစ်ယောက်လှော် C1 500m တွင် မျိုးလှိုင်ဝင်း၏ ငွေတံဆိပ်ဆုရရှိမှုနောက်ပိုင်း ဒုတိယမြောက် ငွေတံဆိပ်ဆုဖြစ်သည်။




news-view-count-icon

26