ဆီးဂိမ်း ဘိလိယက်တစ်ဦးချင်းပြိုင်ပွဲ၌ နှစ်ကြိမ်ဆက် ရွှေတံဆိပ်ဆုရှင် မြန်မာကစားသမား ပေါက်စ ဗိုလ်လုပွဲ ထပ်မံတက်ရောက်သွားသည်။ပေါက်စသည် ဆီမီးဖိုင်နယ်ပွဲစဉ်၌ ထိုင်းကစားသမား ယူတာပေါ့ကို ၃-၂ ပွဲဖြင့် အနိုင်ယူကာ ဗိုလ်လုပွဲကို တက်ရောက်ခဲ့ခြင်း ဖြစ်သည်။ဗိုလ်လုပွဲ၌ ပြိုင်ဘက်ဟောင်း စင်ကာပူနိုင်ငံသား ပီတာဂေးလ်ခရစ်နှင့် တွေ့ဆုံနေပြီး နှစ်ဦးသည် ဗိုလ်လုပွဲအဆင့်၌ နောက်ဆုံးသုံးကြိမ်ဆက် တွေ့ဆုံနေခြင်းလည်းဖြစ်သည်။



