ပြင်ဦးလွင်ကို ဘက်စုံဖွံ့ဖြိုးတက်ရေးဆောင်ရွက်နေသည်ဟုဆိုကာ ပြင်ဦးလွင်ဘူတာကြီးအနီးတွင် မီးရထားဘူတာဆောက်လုပ်ရေးနှင့် အဆင့်မြင့်ဈေးသစ်ကြီးတည်ဆောက်ရန်ယနေ့ ဒီဇင်ဘာ ၁၁ ရက်နေ့တွင် စတင်အကောင်အထည်ဖော်နေပြီဖြစ်ကြောင်း မြို့ခံများထံမှ သိရသည်။လက်ရှိတွင်ဘူတာကြီးခြံစည်းရိုးများကိုဖျက်လိုက်ကာ မြေနေရာရှင်းလင်းရေး၍ စီမံကိန်းမြေ ဧရိယာသတ်မှတ်၍ အလံတိုင်များထောင်းထားပြီး ဘူတာကြီးရှေ့တွင် မီးရထားစက်ခေါင်းတစ်ခုချ ထားကြောင်း ပြင်ဦးလွင်မြို့ခံတစ်ဦးက ပြောကြားသည်။ပြင်ဦးလွင်ဘူတာကြီးအနီးပတ်ဝန်းရှိဈေးဆိုင်ခန်းများကို ယခင်ကတည်းကရှင်းလင်းထားပြီး ကျန်ရှိနေသည့် ဘူတာဈေးသည်များ ယခုလနောက်ဆုံးထားဖယ်ရှားမည်ဖြစ်ကာ အစားထိုးနေရာပေး၊ မပေးမသိရသေးကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။



