ဒီဇင်ဘာလ ၁၀ ရက်တွင် အိမ်သုံးလျှပ်စစ်ပစ္စည်းများနှင့် ဒစ်ဂျစ်တယ်ကုန်ပစ္စည်းများ အပြည့်တင်ဆောင်ထားသော ရထားတွဲ ၆၀ ပါ တရုတ်-ဥရောပရထားသည် တရုတ်နိုင်ငံ မန်ကျိုးလီဘူတာမှ ထွက်ခွာသွားသည်နှင့်အမျှ ယခုနှစ်တွင် တရုတ်-ဥရောပရထား၏ “အရှေ့ပိုင်းစင်္ကြံ” မှ ဖြတ်သန်းသွားသော ရထားအရေအတွက်မှာ ၅,၁၆၆ စင်းရှိလာပြီး ကုန်ပစ္စည်းအမျိုးမျိုး သယ်ယူပို့ဆောင်မှုမှာ TEU ၅၃၀,၀၀၀ ကျော်ရှိကာ ပြည်ပသို့ အဆင့်မြင့် တံခါးဖွင့်လှစ်မှုအား ဝန်ဆောင်မှုပေးရန်အတွက် ခိုင်မာအားကောင်းသောအရှိန်အဟုန်ကို ပံ့ပိုးပေးခဲ့သည်။ ရထားလမ်းပြေးဆွဲသော လမ်းကြောင်းများကို ၂၇ ကြောင်းအထိ တိုးချဲ့ထားပြီး ပိုလန်၊ ဂျာမနီနှင့် နယ်သာလန် စသည့် နိုင်ငံပေါင်း ၁၄ နိုင်ငံကို လွှမ်းခြုံထားသလို ချန်ရှား၊ ကျိန့်ကျိုး၊ ချိန်တူး စသည့် တရုတ်ပြည်တွင်း မြို့ပေါင်း ၆၀ ကျော်ကို ချိတ်ဆက်ပေးထားသည်။



