back

ချင်းပြည်မှာ မိုးတွင်းကာလမှာ ကားလမ်းများစွာပျက်စီးသွားလို့ ပြုပြင်စရိတ်တွေ လိုအပ်နေ

Dec 11 • 2:55 PM

breaking-news

မြန်မာ

ချင်း

cover

ချင်းပြည်မှာ မိုးတွင်းကာလမှာ ကားလမ်းများစွာပျက်စီးသွားလို့ ပြုပြင်စရိတ်တွေ လိုအပ်နေ

ဟားခါး​လေး -ဟားခါး လမ်း၊ က​လေး -တီးတိန်-ရိဒ်လမ်း ၊ ဂန့်​ဂေါ-​ရေဇွာလမ်း ၊ ထန်တလန်-ဇို​ဖေ-နှာရိန်-​ရေဇွာလမ်း၊ ရေဇွာ-မတူပီလမ်း ၊ချင်းလုံ-ရိဒ် လမ်း၊ ချင်းလုံ -ဟားခါ...

ဟားခါး​လေး -ဟားခါး လမ်း၊ က​လေး -တီးတိန်-ရိဒ်လမ်း ၊ ဂန့်​ဂေါ-​ရေဇွာလမ်း ၊ ထန်တလန်-ဇို​ဖေ-နှာရိန်-​ရေဇွာလမ်း၊ ရေဇွာ-မတူပီလမ်း ၊ချင်းလုံ-ရိဒ် လမ်း၊ ချင်းလုံ -ဟားခါးလမ်းတွေဟာ မိုးတွင်းကာလအတွင်း မိုးဆက်တိုက် ရွာသွန်းတာကြောင့် လမ်းတွေဟာ ပျက်စီးလျက်ရှိနေတယ်လို့လည်း ဝန်ကြီး ဆလိုင်းဇထောင်းက ပြောပါတယ်။ ချင်းပြည်နယ်အတွင်း ပျက်စီးနေတဲ့လမ်းတွေကို ချင်းပြည်(Chinland)အစိုးရနှင့် ​ဒေသန္တရအစိုးရတို့ မှပူး​ပေါင်းပြီး လူထုအဓိက အသုံးပြု​နေတဲ့လမ်းအချို့ ကို တတ်နိုင်သမျှ ပြုပြင်လျက်ရှိနေတယ်လို့လည်း Chinland Council ကဖွဲ့စည်းထားတဲ့ ချင်းပြည်(Chinland) အစိုးရ ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနက ဒီကနေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။


news-view-count-icon

26