back

ထိုင်းတွင် ရွှေဆွဲကြိုးခိုးသည့် မြန်မာဇနီးမောင်နှံကို ဖမ်းမိ

Dec 11 • 2:19 PM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းတွင် ရွှေဆွဲကြိုးခိုးသည့် မြန်မာဇနီးမောင်နှံကို ဖမ်းမိ

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်တွင် မြန်မာအမျိုးသားတစ်ဦးထံမှ ရွှေဆွဲကြိုး အလစ်သုတ်ခိုးယူသွားသည်ဆိုသော မြန်မာဇနီးမောင်နှံကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း ထိုင်းသတင်းဌ...

ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်တွင် မြန်မာအမျိုးသားတစ်ဦးထံမှ ရွှေဆွဲကြိုး အလစ်သုတ်ခိုးယူသွားသည်ဆိုသော မြန်မာဇနီးမောင်နှံကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။ ဒီဇင်ဘာလ ၃ ရက်နေ့က ဘန်းလမုဒေသတွင် အခန်းငှားရန် မြန်မာဇနီးမောင်နှံက ဆိုင်ကယ်ဖြင့် လာကြည့်စဉ် အခန်းလိုက်ပြပေးသည့် ကိုမြင့်အောင်၏ ရွှေဆွဲကြိုးတစ်ကုံးကို ခိုးသွားခြင်းဖြစ်ကြောင်း သိရသည်။ ၃ ဘတ်သားခန့် အလေးချိန်ရှိပြီး ပေါက်ဈေး ၁၆၇,၀၀၀ ဘတ် တန်ဖိုးရှိသည့် ရွှေဆွဲကြိုးခိုးခံရသော ကိုမြင့်အောင်က ရဲစခန်းတွင် အမှုဖွင့် တိုင်ကြားခဲ့သည်။ ဒီဇင်ဘာလ ၁၀ ရက်တွင် ဘန်းလမုဒေသရှိ အခန်းတစ်ခုရှေ့ သံသယရှိသော ဆိုင်ကယ်ကို တွေ့ရသဖြင့် အခန်းထဲ ဝင်ရောက်စစ်ဆေးစဉ် အသက် ၂၇ နှစ်အရွယ် ကိုမောင်ဦးနှင့် အသက် ၃၀ အရွယ် မစုတို့နှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း သတင်းတွင်ဖော်ပြသည်။



news-view-count-icon

10