နယ်စပ်ပဋိပက္ခများအတွင်း ထိုင်းတပ်ဖွဲ့များကို ပစ်မှတ်ထားဗုံးကြဲခဲ့သောသော ကမ္ဘောဒီးယားဒရုန်းများကို ထိန်းချုပ်နေသူများသည် အင်္ဂလိပ်စကားပြော နိုင်ငံခြားသားများဟု ထိုင်းစစ်တပ်က သံသယရှိကြောင်း ဘန်ကောက်ပို့စ်သတင်း၌ ဖော်ပြသည်။ ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်းကို တာဝန်ယူထားသော အမှတ် ၂ စစ်ဒေသက ဒီဇင်ဘာလ ၁၁ ရက် ယနေ့နံနက်တွင် ၎င်းတို့ လူမှုကွန်ရက် စာမျက်နှာ၌ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများ ဖြစ်ပွားချိန်တွင် ရေဒီယိုဆက်သွယ်မှုတခုအတွင်း “ပြီးဆုံးသွားပြီ” ဟူသော အင်္ဂလိပ် စကားလုံးကို ကြားခဲ့ရကြောင်း ၎င်းက ပြောသည်။ ထို့ပြင် အသေခံဒရုန်းတိုက်ခိုက်မှုများ ရပ်တန့်သွားချိန်တွင် မော်တော်ဆိုင်ကယ်က တောင်ကုန်းအနီးမှ ထွက်ခွာသွားသည်ကို တွေ့ရှိခဲ့ရကြောင်း ဖော်ပြထားသည်။



