back

မကွေးတိုင်းတွင်မိုးစပါးပေါ်ချိန် စျေးကျ၍ တောင်သူများအရှုံးပေါ်

Dec 11 • 4:40 AM

breaking-news

မြန်မာ

မကွေး

cover

မကွေးတိုင်းတွင်မိုးစပါးပေါ်ချိန် စျေးကျ၍ တောင်သူများအရှုံးပေါ်

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်မှာ အခုနှစ်မိုးစပါးပေါ်ချိန် အရင်နှစ်ကလို စျေးကောင်းမရရှိတာ ကြောင့် တောင်သူတွေ အရှုံးပေါ်နေတယ်လို့ စပါးစိုက်တောင်သူတွေ...


မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်မှာ အခုနှစ်မိုးစပါးပေါ်ချိန် အရင်နှစ်ကလို စျေးကောင်းမရရှိတာ ကြောင့် တောင်သူတွေ အရှုံးပေါ်နေတယ်လို့ စပါးစိုက်တောင်သူတွေဆီက သိရပါတယ်။ အရင်နှစ်က စပါးတစ် တင်းကိုကျပ် နှစ်သောင်းခွဲကနေ ၃၀,၀၀၀ ကျော်အထိ ရောင်းချခဲ့ရပြီး လက်ရှိမှာတော့ စပါးတစ်တင်းကို ငွေကျပ် (၁၈,၀၀၀)ကနေ (၂၀,၀၀၀)လောက်နဲ့သာ အရောင်းအဝယ်ပြုလုပ်နေကြရတယ်လို့ ဆိုပါတယ်။ အခုနှစ်မှာ စပါးအရည်အသွေး ပိုကောင်းပေမဲ့ စျေးမရရှိတာကြောင့် တောင်သူတွေ အရှုံးပေါ်ရတာဖြစ်တယ်လို့ စပါးစိုက်တောင်သူ ကိုတူးက ပြောပါတယ်။

news-view-count-icon

21