back

ယူနက်စကို၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းတွင် ဒီပါဝလီပွဲတော်ကို ထည့်သွင်းသတ်မှတ်

Dec 11 • 4:47 AM

breaking-news

မြန်မာ

ပြည်တွင်း

breaking-news
cover

ယူနက်စကို၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းတွင် ဒီပါဝလီပွဲတော်ကို ထည့်သွင်းသတ်မှတ်

အိန္ဒိယနိုင်ငံ၏ ရိုးရာပွဲတော်တစ်ခုဖြစ်သည့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ဒီပါဝလီပွဲတော်ကို ယူနက်စကို၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် ထည့်သွင်းသတ်မှတ်ခဲ့ကြေ...

အိန္ဒိယနိုင်ငံ၏ ရိုးရာပွဲတော်တစ်ခုဖြစ်သည့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် ဒီပါဝလီပွဲတော်ကို ယူနက်စကို၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်စာရင်းတွင် ထည့်သွင်းသတ်မှတ်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံရုံး၏ ထုတ်ပြန်ချက်အရ သိရသည်။

ဒီပါဝလီပွဲတော် (Deepavali) သည် ယူနက်စကို၏ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် (Intangible Heritage) စာရင်းထဲသို့ ဝင်ရောက်လာခြင်းသည် အိန္ဒိယနိုင်ငံအတွက် ဂုဏ်ယူစရာဖြစ်သည်ဟုဆိုသည်။ယင်းသည် ကျွန်ုပ်တို့၏ ရှေးကျသော ယဉ်ကျေးမှုဓလေ့များ၏အရေးပါမှုကို ယနေ့မျက်မှောက်ခေတ်တွင်ပင် ဖော်ပြနေခြင်းဖြစ်ကြောင်း ထိုမီးထွန်းပွဲတော်သည် ရှေးပဝေသဏီကတည်းကပင် ကောင်းသောအရာနှင့် ဖြောင့်မတ်မှန်ကန်သောအရာတို့၏အောင်ပွဲကို ယုံကြည်ရန် ကျွန်ုပ်တို့ကို လှုံ့ဆော်ပေးခဲ့‌ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။




news-view-count-icon

45