back

ထိုင်းနိုင်ငံ၊မဲဆောက်တွင် ဆူပူအုံကြွမှု ပြုလုပ်ခဲ့သည့် တရုတ်နိုင်ငံသားများကို ထိုင်း လဝက အရေးယူ

Dec 11 • 4:39 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံ၊မဲဆောက်တွင် ဆူပူအုံကြွမှု ပြုလုပ်ခဲ့သည့် တရုတ်နိုင်ငံသားများကို ထိုင်း လဝက အရေးယူ

ထိုင်းနိုင်ငံ၊တက်ခ်ခရိုင်ရှိ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းတစ်ခုတွင် အင်္ဂါနေ့ ညဉ့်နက်ပိုင်းက ဖြစ်ပွားခဲ့သော ဆူပူအုံကြွမှုကို ဦးဆောင်ခဲ့သည်ဟု စွပ်စွဲခံထ...

ထိုင်းနိုင်ငံ၊တက်ခ်ခရိုင်ရှိ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းတစ်ခုတွင် အင်္ဂါနေ့ ညဉ့်နက်ပိုင်းက ဖြစ်ပွားခဲ့သော ဆူပူအုံကြွမှုကို ဦးဆောင်ခဲ့သည်ဟု စွပ်စွဲခံထားရသည့် တရုတ်နိုင်ငံသား ၁၅ ဦးကို ထိုင်းလူဝင်မှုကြီးကြပ်ရေး အာဏာပိုင်များက ရာဇဝတ်မှုဖြင့် တရားစွဲဆိုလိုက်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။ပြည်နှင်ဒဏ်ပေးရန် စောင့်ဆိုင်းနေစဉ် မဲဆောက်ရှိ အဆိုပါစခန်းတွင် ထိန်းသိမ်းခံထားရသည့် တရုတ်ရွှေ့ပြောင်းနေထိုင်သူ ၃၂၅ ဦးအကြား ဤဆူပူမှု စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးဗျူရိုက ဆိုသည်။ အဆိုပါအဖွဲ့သည် မြန်မာနိုင်ငံရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) စင်တာများကို နှိမ်နင်းမှုအတွင်း ထွက်ပြေးလာကြပြီး ထိုင်းနိုင်ငံဘက်သို့ တရားမဝင် ဖြတ်ကျော်ဝင်ရောက်လာပြီးနောက် ဖမ်းဆီးထိန်းသိမ်းခံရသူများ ဖြစ်ကြသည်။

news-view-count-icon

25