ထိုင်းနိုင်ငံတွင် ကျင်းပနေသော (၃၃)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၊ ကြက်တောင်အားကစားနည်း၏ အမျိုးသား/အမျိုးသမီးနှစ်ယောက်တွဲပွဲစဉ်တွင် ဟိန်းထွဋ်နှင့် သက်ထားသူဇာတို့အတွဲက လာအိုကို (21-11) (21-14) ဖြင့် နှစ်ပွဲပြတ်အနိုင်ရပြီး ကွာတားဖိုင်နယ် တက်ရောက်ခဲ့သည်။ ကွာတားဖိုင်နယ်ပွဲစဉ်ကို ဒီဇင်ဘာလ(၁၂)ရက်နေ့၊ မြန်မာစံတော်ချိန် ညနေ(၉)နာရီခွဲတွင် စင်ကာပူ-အင်ဒိုနီးရှားပွဲမှ အနိုင်ရသည့် အသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။



