ရှမ်းပြည်နယ် တောင်ပိုင်း တောင်ကြီးမြို့ ကံကြီးရပ်ကွက် Eros ပန်းခြံ အနီးတွင် online မှ ခင်ပြီးဆုံကြရင်း ဆိုင်ကယ် ခိုးယူသွားခြင်း ဖြစ်သည်။"ခုချိန်မှာ နည်းမျိုးစုံနဲ့ လိမ်နေတာ ၊ မိတ်ဆွေ ဟန်ဆောင်ပြီးတော့ ခင်ကြရင်း တွေ့ကြတော့မှ ဆိုင်ကယ် ခိုးခံရတာတွေလည်း ကြုံတွေ့လာရတယ်။ ဘယ်သူ့ကိုမှ ယုံလို့ မရတော့ဘူး”ဟု တောင်ကြီးမြို့ခံ တစ်ဦးက ဆိုသည်။ထိုဆိုင်ကယ်ခိုးသွားသည့်သူသည် လိပ်စာအတု ပေးပြီး အပြင်ချိန်းတွေ့ကာ ခိုးသွားပြီးနောက်ပြန် ဆက်သွယ်မရတော့သဖြင့် တွေ့ရှိပါက အကြောင်း ကြားပေးပါရန် ပိုင်ရှင် ဖြစ်သူက တောင်းဆိုထားသည်။ဆိုင်ကယ်သူခိုးများသည် ပစ်မှတ်များကို ရှာဖွေနေလေ့ ရှိပြီး၊ မော်ဒယ်မြင့် မော်တော်ဆိုင်ကယ် အကောင်းစား များကိုသာ ရွေးချယ် ခိုးယူခြင်း ရှိကြောင်း သိရသည်။



