back

မီဇိုရမ်တက္ကသိုလ်မှာ မြန်မာကျောင်းသားတွေ ဝင်ခွင့်ရဖို့ ICA အဖွဲ့ချုပ်နဲ့မီဇိုရမ်တက္ကသိုလ် MoU လက်မှတ်ရေးထိုး

Dec 11 • 4:13 AM

breaking-news

မြန်မာ

ပြည်ပ

cover

မီဇိုရမ်တက္ကသိုလ်မှာ မြန်မာကျောင်းသားတွေ ဝင်ခွင့်ရဖို့ ICA အဖွဲ့ချုပ်နဲ့မီဇိုရမ်တက္ကသိုလ် MoU လက်မှတ်ရေးထိုး

မြန်မာနိုင်ငံကျောင်းသားတွေကို အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အိုက်ဇောလ်မြို့ကမီဇိုရမ်တက္ကသိုလ် ဝင်ခွင့်ရမယ့် နားလည်မှုစာချွန်လွှာ ( MoU) ကို မီဇိုရမ်တက္ကသိုလ် န...

မြန်မာနိုင်ငံကျောင်းသားတွေကို အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အိုက်ဇောလ်မြို့ကမီဇိုရမ်တက္ကသိုလ် ဝင်ခွင့်ရမယ့် နားလည်မှုစာချွန်လွှာ ( MoU) ကို မီဇိုရမ်တက္ကသိုလ် နဲ့ ချင်းရေးရာအဖွဲ့ချုပ် (ICA) တို့အကြား လက်မှတ်ရေးထိုးခဲ့ကြောင်း မီဇိုရမ်တက္ကသိုလ်က ဒီဇင်ဘာလ ၉ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။မီဇိုရမ်တက္ကသိုလ် နဲ့ ချင်းရေးရာအဖွဲ့ချုပ် (ICA) တို့အကြား လက်မှတ်ရေးထိုးခဲ့ကြတဲ့ နားလည်မှုစာချွန်လွှာ ( MoU) ထဲမှာ မြန်မာစကာားပြော ဒီပလိုမာသင်တန်း မိတ်ဆက်ပို့ချတာ၊ မြန်မာနိုင်ငံကကျောင်းသူ၊ ကျောင်းသားတွေကို မီဇိုရမ်တက္ကသိုလ်မှာ ဝင်ခွင့်ရအောင်နှင့် တခြား သုတေသနဆိုင်ရာကိစ္စရပ်တွေမှာ ပူးပေါင်းဆောင်ရွက်တာတွေပါဝင်တယ်လို့ ထုတ်ပြန်ထားပါတယ်။ဒီနားလည်မှုစာချွန်လွှာ ( MoU) ကို ဒီဇင်ဘာလ ၅ ရက်နေ့မှာ မီဇိုရမ်တက္ကသိုလ် နဲ့ ချင်းရေးရာအဖွဲ့ချုပ် (ICA) တို့အကြား မီဇိုရမ်တက္ကသိုလ်မှာ လက်မှတ်ရေးထိုးခဲ့ကြတာလို့လည်း ဖော်ပြထားပါတယ်။

news-view-count-icon

46