back

ရီးယဲလ်မက်ဒရစ်အသင်းကို ကိုင်တွယ်ရတာဟာ ဘောလုံးလောကမှာ အခက်ခဲဆုံးအလုပ်လို့ ဂွါဒီယိုလာ ပြောကြား

Dec 11 • 4:12 AM

breaking-news

မြန်မာ

ပြည်ပ

cover

ရီးယဲလ်မက်ဒရစ်အသင်းကို ကိုင်တွယ်ရတာဟာ ဘောလုံးလောကမှာ အခက်ခဲဆုံးအလုပ်လို့ ဂွါဒီယိုလာ ပြောကြား

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ရီးယဲလ်မက်ဒရစ်အသင်းကို ကိုင်တွယ်ရတာဟာ ဘောလုံးလောကမှာ အခက်ခဲဆုံးအလုပ်ဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့ပါတယ်။မန်စီးတီးအသင်းဟာ ဒီည မြ...

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာက ရီးယဲလ်မက်ဒရစ်အသင်းကို ကိုင်တွယ်ရတာဟာ ဘောလုံးလောကမှာ အခက်ခဲဆုံးအလုပ်ဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့ပါတယ်။မန်စီးတီးအသင်းဟာ ဒီည မြန်မာစံတော်ချိန် (၂း၃၀)နာရီမှာ ရီးယဲလ်မက်ဒရစ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး လက်ရှိအချိန်မှာ ရီးယဲလ်နည်းပြ အလွန်ဆိုအနေနဲ့ ဖိအားတွေနဲ့ ရင်ဆိုင်နေရတာကြောင့် ဂွါဒီယိုလာက အခုလို ပြောကြားခဲ့ခြင်းလည်း ဖြစ်ပါတယ်။ ရီးယဲလ်နည်းပြ အလွန်ဆိုဟာ မန်စီးတီးကိုသာ အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ရင် ရာထူးက ထုတ်ပယ်ခံရတော့မယ်လို့ သတင်းထွက်နေပြီး ကစားသမားတချို့နဲ့ အဆင်မပြေတာကြောင့် အနိုင်ရဖို့မလွယ်ဘူးဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

news-view-count-icon

24