၁၁.၁၂.၂၀၂၅ ရက်ယနေ့၊ ၀၈နာရီ ၅၉မိနစ် အချိန်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ ၁၁၈ ရပ်ကွက်၊ ကျန်စစ်သားလမ်းတွင် ယာဉ်(၁)စီး သစ်ပင်အားဝင်ရောက်တိုက်မိပြီး ယာဉ်ပေါ်သို့သစ်ပင်လဲကျမှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီးဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက်ခဲ့ပါသည်။ အဆိုပါဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှုမရှိပါ။



