ထိုင်းနိုင်ငံမှာ ကျင်းပနေတဲ့ ၃၃ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ၊ အမျိုးသားကဘဒီပြိုင်ပွဲ အုပ်စုပတ်လည်ပွဲစဉ်အဖြစ် မြန်မာအသင်းနှင့် အိမ်ရှင်ထိုင်းတို့ ယှဉ်ပြိုင်ကစားကြရာ ထိုင်းအသင်းက ၆၉မှတ်-၁၀မှတ်ဖြင့် အနိုင်ရရှိသွားပါတယ်။ မြန်မာအသင်းဟာ ဒုတိယပွဲစဉ်အဖြစ် မြန်မာစံတော်ချိန် ညနေ(၄)နာရီ (၄၀)မိနစ်မှာ မလေးရှားနှင့် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။



