လက်ရှိချန်ပီယံ ဗီယက်နမ်အမျိုးသမီးအသင်းနှင့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းတို့ ယနေ့ ဒီဇင်ဘာ (၁၁) ရက် ညနေ (၃) နာရီခွဲအချိန်တွင် ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်သည်။ပြိုင်ဘက်အသင်းနှစ်သင်းသည် အုပ်စုတွင်း ပထမနှင့် ဒုတိယနေရာတွင် ရပ်တည်နေကြသည့် အသင်းနှစ်သင်းလည်းဖြစ်သည်။မြန်မာ-ဗီယက်နမ် ပွဲစဉ်အတွက် အမျိုးမျိုးသော ဝေဖန်သုံးသပ်သံတွေ ထွက်ပေါ်နေသော်လည်း မြန်မာနည်းပြချုပ်က တစ်ပွဲပြီးတစ်ပွဲ အကောင်းဆုံးဖြတ်သန်းမယ်လို့ ပြောကြားထားသည်။ယနေ့ ပွဲစဉ်တွင် မြန်မာအမျိုးသမီးအသင်းက အဖြူရောင်ဂျာစီကို ဝတ်ဆင်ကစားသွားမည်ဟု အဖွဲ့ချုပ်က အသိပေးထားသည်။



