back

ဒဂုံမြို့နယ်တွင် Youth Club အဖွဲ့ဝင်လူငယ်များဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်

Dec 11 • 1:55 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ဒဂုံမြို့နယ်တွင် Youth Club အဖွဲ့ဝင်လူငယ်များဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး Community Centre ခန်းမတွင် ယနေ့ နေ့လည်ပိုင်းက Youth Club အ...

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး Community Centre ခန်းမတွင် ယနေ့ နေ့လည်ပိုင်းက Youth Club အဖွဲ့ဝင်လူငယ် များဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ထို့နောက် တက်ရောက်လာကြသည့် Youth Club အဖွဲ့ဝင်များက ဒဂုံမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်ပြပွဲ၊ နံရံကပ် စာစောင်ပြပွဲ များကို ကြည့်ရှုလေ့လာခဲ့ကြကြောင်းသိရှိရသည်။ အဆိုပါစာဖတ်ဝိုင်းဆွေးနွေးပွဲကို ဒဂုံမြို့ နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ တစ်လလျင် တစ်ကြိမ်ဆောင်ရွက်လျက်ရှိပြီး ယနေ့ဆွေးနွေးပွဲသို့ Youth Club အဖွဲ့ဝင် ၂၁ ဦးတက်ရောက်ခဲ့ကြောင်း သိရှိရသည်။

news-view-count-icon

30