back

ရန်ကုန်တိုင်း၊ကော့မှူးတွင်စာဖတ်ရှိန်မြင့်မားရေးအသိ ပညာပေးဟောပြောပွဲ၊ဂိမ်းကစားပြိုင်ပွဲနှင့်နံရံကပ်စာစောင်များပြသ

Dec 11 • 1:55 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်တိုင်း၊ကော့မှူးတွင်စာဖတ်ရှိန်မြင့်မားရေးအသိ ပညာပေးဟောပြောပွဲ၊ဂိမ်းကစားပြိုင်ပွဲနှင့်နံရံကပ်စာစောင်များပြသ

ရန်ကုန်တိုင်းဒေသကြီးတွံတေးခရိုင် ကော့မှူးမြို့နယ်လက်ခိုက်ကျေးရွာအခြေခံပညာမူလတန်း‌လွန်ကျောင်းမူလွန် (လက်ခိုက်)ကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင...

ရန်ကုန်တိုင်းဒေသကြီးတွံတေးခရိုင် ကော့မှူးမြို့နယ်လက်ခိုက်ကျေးရွာအခြေခံပညာမူလတန်း‌လွန်ကျောင်းမူလွန် (လက်ခိုက်)ကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတရရှိ‌စေရေးအတွက် အခြေခံပညာ ကျောင်းများ၌ စာဖတ်ရှိန်မြှင့်တင်ရေးလုပ်ငန်းများကိုစဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ‌ ယမန်နေ့မွန်းလွဲပိုင်းက အသိ ပညာ‌ ပေးဟောပြောပွဲ ဂိမ်းကစား ပြိုင်ပွဲများနှင့်နံရံကပ်စာစောင်ပြပွဲများဆောင်ရွက် ခဲ့ကြောင်း သိရသည်။ ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် သုတ/ရသစာအုပ်/စာစောင်များနှင့်(၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်း အမှတ်အသိပညာပေးနံရံကပ်စာစောင်များပြသထားရာ ကျောင်းသား၊ ကျောင်းသူများ စိတ်ပါဝင်စားစွာ ကြည့်ရှု လေ့လာနေကြကြောင်း သိရသည်။

news-view-count-icon

27