back

ပြည်တွင်းတွင် ကမ်းခြေများသို့ အပန်းလာဖြေသူများလာသော်လည်း ဒေသခံများကြား ထင်သလောက်အကျိုးမဖြစ်ဟုဆို

Dec 11 • 1:54 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ပြည်တွင်းတွင် ကမ်းခြေများသို့ အပန်းလာဖြေသူများလာသော်လည်း ဒေသခံများကြား ထင်သလောက်အကျိုးမဖြစ်ဟုဆို

ပြည်တွင်း၌ ယခုကာလအတွင်း ပိတ်ရက်များနှင့်အတူ ကမ်းခြေဒေသများသို့ အပန်းဖြေလာရောက်သူ အများအပြားရှိလာသော်လည်း ဒေသခံများကြားတွင် ထင်သားသလောက်အရောင်းအဝယ်မကောင်းသည့် အခ...

ပြည်တွင်း၌ ယခုကာလအတွင်း ပိတ်ရက်များနှင့်အတူ ကမ်းခြေဒေသများသို့ အပန်းဖြေလာရောက်သူ အများအပြားရှိလာသော်လည်း ဒေသခံများကြားတွင် ထင်သားသလောက်အရောင်းအဝယ်မကောင်းသည့် အခြေအနေမျိုး ကြုံရကြောင်း သိရသည်။လွန်ခဲ့သော အောက်တိုဘာ သီတင်းကျွတ်ကာလကတည်းက အပန်းဖြေလာသူများမှာ ပိတ်ရက်ကာလအတွင်း အများအပြားရှိနေပြီး ယခုလို ဒီဇင်ဘာပိတ်ရက်များအတွင်းတွင် ပိုမိုများလာခဲ့ခြင်းဖြစ်သော်လည်း ထင်ထားသလောက် အကျိုးမဖြစ်ကြသည့် အခြေအနေမျိုးကြုံကြကြောင်း ဒေသခံများက ဆိုလာကြသည်။"အပန်းဖြေလာရုံလာပြီး ပြန်သွားကြတာများတယ်၊ လူများပြီးကျွန်မတို့တော့ မရောင်းရဘူး၊ အရင်ကဆို အခုလိုဧည့်သည်များရင် တော်တော်လေးကို ရောင်းရတယ်၊ အခုက စရိတ်ချွေတာကြတာလည်း ဖြစ်လိမ့်မယ်”ဟု ငွေဆောင်ကမ်းခြေဒေသတွင် ဆိုင်ဖွင့်ထားသူတစ်ဦးက ပြောသည်။

news-view-count-icon

21