ထိုင်းနိုင်ငံက တစ်ပတ်အတွင်းမြန်မာနိုင်ငံသား ၁၈၀ ကျော်ကို ကော့သောင်းမြို့သို့ပြန်ပို့ခဲ့ကြောင်းသိရသည်။ထိုင်းနိုင်ငံ၊ရနောင်းခရိုင်၊ရနောင်းမြို့၊လူဝင်မှုကြီးကြပ်ရေးရဲစခန်းအချုပ်ဆောင်၌ထိန်းသိမ်းထားရှိသောမြန်မာနိုင်ငံသား ၇၆ ဦးကို ဒီဇင်ဘာလ ၁၀ ရက်နေ့ကမြန်မာနိုင်ငံ၊ ကော့သောင်း မြို့သိုပြန်လည်ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ဒီဇင် ဘာလ ၃ ရက်နေ့ကလည်းမြန်မာနိုင်ငံသား ၁၀၅ ဦးကိုပြန်ပို့ခဲ့ရာတစ်ပတ်အတွင်း ၁၈၁ ဦးကိုပြန်ပို့ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ပြန်လည်ပို့ဆောင်ခံရသည့်မြန်မာနိုင်ငံသားများမှာ အ ကြောင်းအမျိုးမျိုးကြောင့်ထိုင်းနိုင်ငံ၏တည်ဆဲဥပဒေ များကိုဖောက်ဖျက်ကျူးလွန်၍ ပြစ်ဒဏ်ကျခံပြီးသူများဖြစ်ပြီး ကျား ၅၇ ဦး၊ မ ၁၉ ဦး၊ ပေါင်း ၇၆ ဦးတို့အား ရနောင်းမြို့အခြေစိုက် အလုပ်သမားသံအရာရှိ ဦးအောင်စိုးသန်းလာရောက်လွှဲ ပြောင်းပေးခဲ့ကြောင်းသိရသည်။ပြန်လည်ရောက်ရှိလာသော မြန်မာနိုင်ငံသားများကို တာဝန်ရှိသူများကကြိုဆိုပြီး ကျန်းမာရေးစစ်ဆေးခြင်း၊ ကိုယ်ရေးအချက်အလက်များစစ်ဆေးခြင်း များပြုလုပ်ကာနေရပ်ပြန်နိုင်ရန်စီစဉ်ပေးခဲ့ကြောင်းသိရသည်။
Dec 11 • 1:51 AM
မြန်မာ
တနင်္သာရီ
မျှဝေမည်
| 22 | 0 | 0 | 0 |


