back

ထိုင်းအစိုးရမှ နိုင်ငံခြားသားတွေ ပြည်ဝင်ခွင့်ပိတ်ပင်မှုများလာတဲ့အတွက် ခရီးသွားလုပ်ငန်းရှင်တွေက စည်းမျဉ်းတွေကို အသစ်ပြင်ဆင်ပေးဖို့ တောင်းဆို

Dec 11 • 1:52 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းအစိုးရမှ နိုင်ငံခြားသားတွေ ပြည်ဝင်ခွင့်ပိတ်ပင်မှုများလာတဲ့အတွက် ခရီးသွားလုပ်ငန်းရှင်တွေက စည်းမျဉ်းတွေကို အသစ်ပြင်ဆင်ပေးဖို့ တောင်းဆို

ထိုင်းအစိုးရကဗီဇာသက်တမ်းတိုးဖို့ နယ်စပ်ဖြတ်ကျော် ဝင်ထွက်တာတွေ (visa runs) ကို ထိန်းချုပ်ဖို့ တင်းကျပ်လိုက်တာကြောင့် ထိုင်းနိုင်ငံထဲ ဝင်ရောက်ခွင့် ငြင်းပယ်ခံရတဲ့...

ထိုင်းအစိုးရကဗီဇာသက်တမ်းတိုးဖို့ နယ်စပ်ဖြတ်ကျော် ဝင်ထွက်တာတွေ (visa runs) ကို ထိန်းချုပ်ဖို့ တင်းကျပ်လိုက်တာကြောင့် ထိုင်းနိုင်ငံထဲ ဝင်ရောက်ခွင့် ငြင်းပယ်ခံရတဲ့ ခရီးသွား အရေအတွက် မြင့်တက်လာနေပါတယ်။ ဒါကြောင့် ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေက အစိုးရအနေနဲ့ စည်းမျဉ်းအသစ်တွေကို ပုံမှန် ထုတ်ပြန်ပေးဖို့နဲ့ ကြိုတင်စိစစ်တဲ့ နည်းလမ်းတွေကို ပိုမိုအသုံးပြုဖို့ တိုက်တွန်းနေကြပါတယ်။ပြီးခဲ့တဲ့လက လူဝင်မှုကြီးကြပ်ရေးဌာန ဟာ နိုင်ငံခြားသားတွေ ခရီးသွားအဖြစ် ဝင်ရောက်ပြီး ဆိုက်ဘာရာဇဝတ်မှု၊ တရားမဝင် စီးပွားရေး၊ ငွေကြေးခဝါချမှု၊ ဂိုဏ်းဖွဲ့လှုပ်ရှားမှု သို့မဟုတ် အဓမ္မခိုင်းစေမှုတွေမှာ ပါဝင်ပတ်သက်တာကို တားဆီးဖို့ ရည်ရွယ်ပြီး အစီအမံ ၄ ရပ်ကို မိတ်ဆက်ခဲ့ပါတယ်။ဒီဇင်ဘာ ၇ ရက်နေ့အထိ ထိုင်းနိုင်ငံကို ဝင်ရောက်တဲ့ နိုင်ငံခြားသား ၃၀.၂ သန်း ရှိခဲ့ပြီး မနှစ်ကထက် ၇.၁၉ ရာခိုင်နှုန်း လျော့နည်းခဲ့ပါတယ်။

news-view-count-icon

20