back

၂၀၂၅ ခုနှစ် ဆီးဂိမ်းမှာ ထိုင်းဘုရင်မကြီး ကိုယ်တိုင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်

Dec 11 • 1:50 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

၂၀၂၅ ခုနှစ် ဆီးဂိမ်းမှာ ထိုင်းဘုရင်မကြီး ကိုယ်တိုင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်

လက်ရှိထိုင်းဘုရင်မင်းမြတ် မဟာဝချီရာလောင်ကွန်းရဲ့ ၄ ယောက်မြောက်ကြင်ဖော် မိဖုရားကြီး ဆုထိဒါ ဘာဇရာသုဒါဘိမာလာလက်ရှနာဟာ ၂၀၂၅ ခုနှစ် ဆီးဂိမ်းပြိုင်ပွဲမှာ ထိုင်းနိုင်င...

လက်ရှိထိုင်းဘုရင်မင်းမြတ် မဟာဝချီရာလောင်ကွန်းရဲ့ ၄ ယောက်မြောက်ကြင်ဖော် မိဖုရားကြီး ဆုထိဒါ ဘာဇရာသုဒါဘိမာလာလက်ရှနာဟာ ၂၀၂၅ ခုနှစ် ဆီးဂိမ်းပြိုင်ပွဲမှာ ထိုင်းနိုင်ငံကိုယ်စားပြုပြီးတော့ ယှဉ်ပြိုင်သွားမှာပါ။ သက်တော် ၄၇ နှစ်ရှိတဲ့ ဘုရင်မကြီး ဆုထိဒါက keelboat SSL47 မှာ ရွက်လှေစီးပြိုင်ပွဲမှာ ပါဝင်သွားမှာဖြစ်ပါတယ်။ဒါက ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ ဆီးဂိမ်းအတွက် အသစ်ထည့်သွင်းထားတဲ့ ရွက်လှေစီးပြိုင်ပွဲတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒီပြိုင်ပွဲတွေကို ဒီဇင်ဘာ ၁၅ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ ကျင်းပဖို့ စီစဉ်ထားပါတယ်။ ဘုရင်မကြီးဆုထိဒါက သူ့အသင်းရဲ့လမ်းပြအဖြစ် မကြာခဏတာဝန်ထမ်းဆောင်လေ့ရှိပါတယ်။ ဆီးဂိမ်းဖွင့်ပွဲမှာလည်း ထိုင်းအသင်းကို ဦးဆောင်ခဲ့ပါတယ်။ သူ့ကို အားကစားမျိုးစုံမှာ တက်ကြွစွာပါဝင်လှုပ်ရှားသူအဖြစ် လူသိများပြီး နိုဝင်ဘာ ၃၀ ရက်နေ့က ၂၁ ကီလိုမီတာ Half Marathon ပြိုင်ပွဲကိုတောင် ပြီးမြောက်ခဲ့ပါတယ်။

news-view-count-icon

21