မန္တလေးငလျင်ကြီးဒ-ဏ်ကြောင့် ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့သည့် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (စစ်ကိုင်း) ၏ ဘွဲ့နှင်းသဘင်ခန်းမဆောင်အား အသစ်ပြန်လည်တည်ဆောက်ရန် စက်ယန္တရားကြီးများဖြင့်မြေညှိခြင်းလုပ်ငန်းများကို ယနေ့ ဒီဇင်ဘာ ၁၀ ရက်မှစတင်ကာပြုလုပ်လျက်ရှိကြောင်း သိရသည်။အဆိုပါ ဘွဲ့နှင်းသဘင်ခန်းမဆောင်အား သီတဂူဆရာတော်ကြီးဦးဆောင်၍ ဗုဒ္ဓတက္ကသိုလ်၏ ပညာရေးနှင့် ဘာသာရေးဆိုင်ရာအရေးပါသည့်လုပ်ငန်းများ ဆက်လက်လုပ်ဆောင်နိုင်ရန်ရည်ရွယ်၍ အသစ်ပြန်လည်တည်ဆောက်ခြင်းဖြစ်ကြောင်း သိရသည်။



